အဆိုတော် ဝိုင်းစုခိုင်သိန်း ဟာ အောင်မြင်တဲ့ အဆိုတော်သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ ပရိသတ်တွေရဲ့အချစ်တွေ ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ဂီတလမ်းကြောင်းမှာရော အနုပညာ လမ်းကြောင်းမှာပါ အောင်မြင်စွာနဲ့ဖြတ်သန်းနေတာ ပဲဖြစ်ပါတယ်။ သူမရဲ့ချစ်စဖွယ်ရုပ်ရည်လေးနဲ့ အသံချိုချိုလေးတွေဟာ ပရိသတ်တွေကြားမှာ ရေပန်းစားလွန်းတဲ့အရာတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် အဆိုတော် အောင်လနဲ့လည်း ဝေဖန်တိုက်ခိုက်မှုတွေကို တွန်းလှန်ပြီး အနာဂတ်ခရီးအတွက် ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်နေကြတာလည်းဖြစ်ပါတယ်...။ အခုဆိုရင် သူတို့ချစ်သူနှစ်ဦးက ဂီတလမ်းကြောင်းပေါ်မှာ အတူတူလျှောက်လှမ်းနေတာကိုတွေ့မြင်ရမှာပါ...။

ဝိုင်းစုခိုင်သိန်းရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ နယ်လှည့်ဖျော်ဖြေမှုတွေလည်း လိုက်လံဖျော်ဖြေပေးနေတာကိုတွေ့ရမှာပါ...။ ပရိသတ်ကြီးအတွက် သီချင်းအသစ်တွေကိုလည်းပြုလုပ်ဖန်တီးပေးလျက်ရှိပြီး အမြဲတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်...။အပန်းဖြေခရီးတွေထွက်လေ့ရှိပြီး အမှတ်တရခရီးသွားပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလိုမြင်တွေ့ကြရမှာပါ...။ ရေကူးကန်ထက်က အမိုက်စားပုံရိပ်လေးတွေဟာဆိုရင်လည်း တစ်ကယ့်ကိုဆွဲဆောင်မှုရှိလှပတာဖြစ်ပါတယ်...။

ဝိုင်းစုဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း တောင်ကြီးမြို့သို့ရောက်ရှိနေတာဖြစ်ပြီး သစ်လွင်တောက်ပသော အနီရောင် အင်္ကျီလေးကို ဝတ်ဆင်ထားပြီး အမိုက်စား ပုံရိပ်တွေကို ဓာတ်ဖမ်းခဲ့တာဖြစ်ပါတယ်။ သူမရဲ့ official facebook page တွင် "တောင်ကြီးမှာ ပဲပေး" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Wyne Su Khaing Thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။