ချစ်ပရိတ်သတ်ကြီးရေ... ဟိုးအရင်ကတည်းက ရုပ်ရှင်အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကျော် ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ ကျော်သူကိုမသိတဲ့သူမရှိပါဘူးနော်။ ရုပ်ရှင်လောကမှာဘုရင်တစ်ဆူလိုနေရာယူနေခဲ့ပြီးတော့ သူရဲ့ရုပ်ရှင်ဇာတ်ကားတွေတိုင်းကလည်း ပရိတ်သတ်တွေအသည်းစွဲဖြစ်ပြီး အခုထိအောင်မြင်နေဆဲပါပဲနော်။

အခုတစ်ခါ ရုပ်ရှင်လောကထဲကိုပြန်ရောက်လာခဲ့တဲ့အချိန်မှာတော့ အရင်ကနဲ့မတူတဲ့ဖနိတီးမှုတွေ သရုပ်ဆောင်မှုတွေနဲ့အတူ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို ထပ်မံရရှိခဲ့ပြန်ပါတယ်နော်။ ကျော်သူဟာ အခုတစ်ခါမှာတော့ သရုပ်ဆောင်အပြင်ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကိုရိုက်ကူးပုံဖော်လျက်ရှိပါတယ်နော်။

အခုတစ်ခါမှာလည်း ကျော်သူဟာ ဂမ္ဘီရမျက်လုံး ဆိုတဲ့ ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးကို တက်သစ်စမင်းသားတွေ မင်းသမီးတွေနဲ့ အတူရိုက်ကူးပုံဖော်နေခဲ့ပါတယ်။ ကိုလိုနီ ခေတ်ကအရိပ်အငွေ့တွေကို ထင်ဟတ်လာစေမယ့် ရိုက်ကွင်းရိုက်ကွက်တွေကိုတော့ ဒီဇာတ်ကားထဲမှာတွေ့မြင်နိုင်ပါတယ်နော်။ ဒီဇာတ်ကားရဲ့နောက်ကွယ်က ခက်ခက်ခဲခဲရိုက်ကူးနေခဲ့ရတဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကိုတော့ ကျော်သူကပြန်လည်မျှဝေပေးထားခဲ့တာကို တွေ့ရပါတယ် ချစ်ပရိတ်သတ်ကြီးရေ.....

Source ; Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။