ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့မှာတော့ ကုလသမဂ္ဂ ရေရှည်တည်တံ ဖွံ့ဖြိုးရေးအတွက် ဖြေရှင်းရေးကွန်ရက် ( ) က ၂၀၁၉ခုနှစ် အတွင်း ကမ္ဘာ့အပျော်ဆုံးနိုင်ငံများစာရင်းကိုထုတ်ပြန်ခဲ့ပါတယ်။

၎င်းစာရင်းကတော့ လူမှုဖူလုံရေး အထောက်အပံ့၊ လူတဦးချင်းစီရဲ့ ပြည်တွင်း အသားတင် ထုတ်ကုန်ပမာဏ၊ လူမှုအသိုင်းအဝိုင်းပံ့ပိုးမှု၊ ကျန်းမာပျော်ရွှင်တဲ့ လူမှုဘဝ၊ လူမှုဝန်းကျင် လွတ်လပ်ခွင့်၊ စိတ်သဘောထားကြီးခြင်းနဲ့ အကျင့်ပျက်ခြစားမှု မရှိခြင်း စတဲ့ အချက်အလက်တွေကို အခြေခံပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၅၆ နိုင်ငံကို အစဉ်လိုက် ပြုစုထားတဲ့ စာရင်းတခုပဲဖြစ်ပါတယ်။

ဒီစာရင်းမှာတော့ ဖင်လန်နိုင်ငံဟာ ကမ္ဘာ့အပျော်ဆုံးနိုင်ငံတွေထဲက နံပါတ် ၁ နေရာမှာ ဖော်ပြခံခဲ့ရတယ်လို့သိရပါတယ်။

ဖင်လန်နိုင်ငံအနေနဲ့ အခုလိုဖော်ပြခံရတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တုန်းကလည်း နံပါတ် ၁ နေရာကနေ ဖော်ပြခံခဲ့ရတာပဲဖြစ်ပါတယ်။

ဖင်လန်နိုင်ငံရဲ့နောက်မှာတော့ ဒိန်းမတ် ၊ နော်ေ၀ ၊ အိုက်စ်လန် ၊ နယ်သာလန် ၊ ဆွစ်ဇာလန် ၊ ဆွီဒင် ၊ နယူးဇီလန် ၊ ကနေဒါနဲ့ ၊ သြစတြီးယားနိုင်ငံတို့က အပျော်ဆုံးနိုင်ငံ ဆယ်နိုင်ငံအဖြစ် အသီးသီးဖော်ပြခံခဲ့ရတယ်လို့သိရပါတယ်။

SOURCE - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။