ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အမေရိကန်မှာနေထိုင်တဲ့ ရေချယ်ဆိုသူ အမျိုးသမီးတစ်ဦးရဲ့ သနားဖွယ်အဖြစ်အပျက်ကလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ ဖြစ်ပုံကတော့ အသက် ၂၇ နှစ်အရွယ်မှာ ပုံမှန်လောက်ပဲ အနည်းငယ်ဝနေတာကို ထိုအချိန်က ခေတ်စားနေတဲ့ ဝိတ်ချနည်းတွေအတိုင်း အပြင်းအထန်လုပ်ခဲ့တဲ့ အခါမှာတော့ ထိုဒဏ်တွေကို အပြင်းအထန်ခံစားနေရပီပဲ ဖြစ်ပါတယ်။

သူမ ဝိတ်ချခဲ့တဲ့နည်းလမ်းကတော့ နေ့စဉ်ပုံမှန်စားသုံးနေတဲ့ အစားအသောက်လမ်းစဉ်ရဲ့ သုံးပုံတစ်ပုံကိုသာ စားခဲ့လာပြီး ကြာလာတဲ့အခါမှာတော့ အစာစားလို့ မဝင်တော့ ခန္ဓာကိုယ်ဟာ အလွန်အမင်းပိန်ချုံးလာပြီး တဖြည်းဖြည်း အသားအရေခန်းခြောက် ခန်းခြောက်လာကာ အရိုးတွေချည်း ဖြစ်သွားပြီး အလေးချိန် ၃၆ကီလိုအထိ ကျဆင်းသွားပါတော့တယ်။ ဒါပေမယ့်လည်း သူမအတွက် အဆိုးထဲကအကောင်းဖြစ်လာခဲ့တဲ့အရာတစ်ခုကတော့

သူမရဲ့ ခင်ပွန်းဖြစ်သူဟာ အလုပ်ကထွက်လိုက်ပြီး ရေချယ်ကိုအနီးကပ် သေချာပြုစုပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဂရုစိုက်ပေးမှုတွေကြောင့် ရေချယ်ဟာ အခုဆိုရင် အသားအရေ အနည်းငယ်ပြည့်ဖြိုးလာပြီး ခန္ဓာကိုယ်အလေးချိန်ကလည်း ၃၆ ကီလိုကနေ ၄၅ ကီလိုကနေ မြင့်တက်လာခဲ့ပါတယ်။ သူမယခုလို ကျန်းမာလာတာဟာ သူမခင်ပွန်းဖြစ်သူရဲ့ ဂရုစိုက်မှုတွေ အများကြီးပါဝင်နေပြီး ကျေးဇူးတင်မဆုံးဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံအတိုင်း ဘာပဲလုပ်လုပ် အလွန်အကျူးမလုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။.

Source : Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။