နေဗီပြာရောင်လေးနဲ့ မျက်မှန်ဆိုင်ဈေးရောင်ပွဲကို တက်ရောက်လာခဲ့တဲ့ သူမရဲ့အလှတရား ဟာ အားလုံးရဲ့စိတ်အာရုံတွေကို ဖမ်းစားသွားခဲ့ပါတယ်။ အလှတွေပေါင်းစုဖွဲ့စည်းထားတဲ့ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ ရင့်ကျက်မှုပုံရိပ်တွေဟာ ပုရိသ တွေကိုပါမက မိန်းကလေးချင်းတောင် ငေးယူချင်ရာပါပဲ။ အပျိုကြီးမမတစ်ယောက် ဘယ်အချိန်ကြည့်ကြည့် ကျက်သရေရှိပြီး လှသွေးကြွယ်လွန်းတာတော့ ဆုတောင်းကောင်း ခဲ့လို့ထင်ပါရဲ့ ပရိသတ်ကြီးရေ။

အနုပညာလောကကို စတင်ဝင်ရောက်ခဲ့စဉ်မှာ အသက် ၁၂ နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွယ် ကလေးမလေးဖြစ်ခဲ့ပြီး အခုပြန်လည်ဝင်ရောက်လာခဲ့ချိန်မှာတော့ တည်ငြိမ်တဲ့အလှတရားတွေကို ပိုင်ဆိုင်နေတဲ့ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီး တစ်ယောက် ဖြစ်လို့နေပါပြီ။ အချိန်တွေ ဘယ်လောက်ပဲကြာသွားပါစေ မအေးသောင်း ကတော့ လှနေဆဲပါပဲ။

ငယ်တုန်းက ကလေးလိုချစ်စရာကောင်းပြီး အရွယ်ရောက်လာချိန်မှာလည်း မြန်မာဆန်ဆ န်နဲ့ လုံးကြီးပေါက်လှကိုယ်လုံးလေးရဲ့ လှသွေးကြွယ်မှုကတော့ စာဖွဲ့လို့တောင်မကုန်နိုင် လောက်ပါဘူး။ သူမရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ မန္တလေးမြို့မှာကျင်းပတဲ့ ပွဲလေးကိုတက်ရောက် ခဲ့တဲ့ မအေးသောင်းရဲ့ မဟာဆန်တဲ့ အလှတရားတွေကို ပုံနှင့်တကွချပြပေးလိုက်ပြီနော်။

Photo - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။