ဘောလုံးလောကမှာပရိသတ်တွေနဲ့ကစားသမားတွေတောင်ယနေ့တိုင်သူ့ကိုမမေ့ပဲအမြဲချစ်ခင်အားပေးနေကြတာကတော့ဘရာဇီးဘောလုံးစတားရော်နယ်ဒင်ဟိုပဲဖြစ်ပါတယ်။သူကတော့ဥရောပထိပ်သီးကလပ်တွေမှာအောင်မြင်မှုတွေနဲ့ကမ္ဘာအကောင်းဆုံးကစားသမားဆုတွေကိုဆွတ်ခူးနိုင်တဲ့ကစားသမားပဲဖြစ်ပါတယ်။

သူ့ရဲ့အသုံးဖြုန်းကြီးမှုတွေနဲ့ အပျော်အပါးမက်မှုတွေကြောင့်ကစားသမားဘဝကိုတောင်စွန့်လွှတ်ခဲ့ရပြီးကျရှုံးခဲ့ရပါတယ်။လက်ထဲမှာပိုက်ဆံမရှိလောက်အောင်ကိုဆိုးရွားတဲ့အခြေနေတွေကိုကြုံတွေ့ခဲ့ရတာပါ။သူ့ရဲ့သတင်းတွေကြောင့်လည်းစိတ်မကောင်းကြတဲ့ပရိသတ်တွေရှိခဲ့ကြသလိုဝေဖန်မှုတွေလည်းရှိနေကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်းကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်တာကြောင့်သူ့ရဲ့စကေးတွေကတော့ယနေ့တိုင်အကောင်းဆုံးအခြေနေတွေမှာရှိနေတာပါ။ဖူဆယ်ပွဲတွေမှာလည်းသူ့ရဲ့အလှခြေစွမ်းတွေကိုပြသခဲ့ပြီးလုံးဝမကျသွားတဲ့သူ့ရဲ့စကေးတွေကတော့ပရိသတ်တွေမချီးကျူးပဲမနေနိုင်လောက်အောင်ပဲဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်းယနေ့တိုင်အကောင်းဆုံးခြေစွမ်းတွေရှိနေသေးတဲ့ရော်နယ်ဒင်ဟိုရဲ့စကေးတွေကိုပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

source:oh my goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။