Jennifer Lopez ဟာဆိုရင် ပြီးခဲ့တဲ့ အပတ်တုန်းကမှ စေ့စပ်ထားတာဖြစ်ပြီး သူမတို့ရဲ့စေ့စပ်မှုနဲပတ်သတ်ပြီး ချီးကျူးတဲ့သူတွေရှိသလို ဝေဖန်ပြစ်တင်ပြောဆိုမှုတွေလဲရှိခဲ့ပါတယ်။ အဲ့လိုအပြစ်တင်ပြောဆိုမှုတွေနဲ့ပတ်သတ်ပြီး Jennifer တို့ဟာ ဘာမှပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။ Jennifer ဟာလဲ ခုအချစ်ရေးမှာ သေချာချင်တယ်လို့ပြောပြခဲ့ကာ သူဟာဆိုရင် အိမ်ထောင်၃ခါကျခဲ့ပြီး ခုတစ်ကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက်ကျမှာဖြစ်ပါတယ်။  

ဗုဒ္ဓဟူးနေ့တုန်းကသူမဟာ သမီးလေး Emme နဲ့အတူ ဈေးဝယ်ထွက်ခဲ့ကြပါတယ်။ သမီးလေး Emma ရဲ့အသက်ကတော့ ၁၁နှစ်ဖြစ်ပြီး Jennifer ရဲ့အသက်ကတော့ ၄၉နှစ်ဖြစ်ပါတယ်။ သူမဟာလဲ အသက်သာကြီးပေမဲ့ ခန္ဓာကိုယ်ကိုတော့ ဂရုစိုက်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ကြောင့်လဲ လက်ရှိအသက်ထက် ပိုငယ်နေသလိုခံစားရတာပဲဖြစ်ပါတယ်။ Shopping ထွက်တုန်းက သူမဝတ်လာတဲ့ အဝတ်အစားဖက်ရှင်တန်ဖိုးဟာဆိုရင် ဒေါ်လာ၁သိန်းတန်ဖိုးထက်ပိုပါတယ်။  

သူမရဲ့ လက်ကိုင်အိတ်တစ်လုံးနဲ့တင် ဒေါ်လာ၁သိန်းတန်ဖိုးရှိကာ မိကျောင်းသားရေနဲ့ပြုလုပ်ထားတာကြောင့်ပဲဖြစ်ပါတယ်။ သူမရဲ့ ကုတ်အင်္ကျီ တန်ဖိုးကတော့ ဒေါ်လာ၆၉၅ တန်ဖိုးရှိကာ အဲ့ကုတ်အကျီၤကို တခြားသော နာမည်ကြီး အနုပညာရှင်တွေလဲ ဝတ်ဆင်ပါတယ်။ သူမဖိနပ်တန်ဖိုးက ဒေါ်လာ ၄၉၀ဖြစ်ပြီး နေကာမျက်မှန်ကတော့ ဒေါ်လာ ၆၀ပဲဖြစ်ပါတယ်။ ပုံမှာတွေ့တဲ့အတိုင်းပါပဲ သူမရဲ့ ဖက်ရှင်ကတော့ တကယ့်ကိုပဲ Cool ဖြစ်နေပါပြီ။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။