ပရိသတ်တွေ မျှော်လင့်စောင့်စားခဲ့ရတဲ့ ၂၀၁၈ ခုနှစ် အကယ်ဒမီ ဆုပေးပွဲကြီးကို မနက်ဖြန်နေ့လည်မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်တော့မှာပဲ ဖြစ်ပါတယ်။ မတ်လ (၂၃) ရက်နေ့မှာ ရန်ကုန်မြို့ရှိ ''The One Entertainment Park '' မှာ ကျင်းပပြုလုပ်မယ့် အကယ်ဒမီဆုပေးပွဲကြီးအတွက် အားလုံးရဲ့ရင်ခုန်သံတွေကတော့ တစ်စတစ်စနဲ့ ပိုမိုမြန်ဆန်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲကြီးမှာ ဘယ်သူတွေက ဘယ်လိုဆုတွေ ဆွတ်ခူးရရှိသွားမလဲဆိုတာကတော့ အရမ်းကို စိတ်ဝင်စားစရာကောင်းနေပြီ ဖြစ်ပါတယ်။

ဒီနှစ် အကယ်ဒမီဆုပေးပွဲကြီးမှာတော့ ရွှေကြိုမောင်မယ်လေးတွေအဖြစ် အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်လေးတွေက ပါဝင်လာကြမှာ ဖြစ်ပါတယ်။ အကယ်ဒမီဗန်းကိုင်ကြမယ့် ရွှေကြိုလေးတွေကလည်း ဆုပေးပွဲကြီးအတွက် အရင်ကတည်းက ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြတာကြောင့် အခုဆိုရင် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရွှေကြိုလေးတွေက Rehersal လေ့ကျင့်မှုတွေကို လေ့ကျင့်ပြင်ဆင်နေတာ တွေ့ရပါတယ်။

Rehersal အတွက် ကြိုတင် ပြင်ဆင်နေကြတဲ့ ရွှေကြိုလေးတွေရဲ့ လှုပ်ရှားမှုတွေကိုတော့ ခင်လှိုင့်သမီးလေး သဇင်ထူးမြင့်က အခွီဗီဒီယိုလေးနဲ့ တင်ပေးထားပါတယ်။ သဇင်က ဘုန်းမင်းနေလတို့ သူငယ်ချင်းတစ်စုကို ရုပ်ပြောင်လေးတွေနဲ့ စနောက်ပြီး ဆေးထိုးတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အကယ်ဒမီပေးပွဲအတွက် ပျော်ပျော်ရွှင်ရွှင် လေကျင့်နေတဲ့ ရွှေကြိုလေးတွေရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thazin Htoo Myint; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။