ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလောကထဲက သရုပ်ဆောင်မင်းသမီးတွေကြားမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ နေရာတစ်ခုကိုပိုင်ပိုင်နိုင်နိုင်ရရှိထားပြီး ပရိတ်သတ်တွေရဲ့ လက်ခုပ်သံတွေကိုတစ်ခဲနက်ရရှိထားတဲ့ မင်းသမီးလေးဆုအိမ့်စံကို ပရိတ်သတ်ကြီးသိမှာပါနော်။ အရုပ်မလေးလိုချစ်ဖို့ကောင်းပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပတဲ့အတွက်ကြောင့် ပုရိသတွေရဲ့ အသည်းစွဲ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပြီး သဘောကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်....။ သရုပ်ဆောင်မင်းသား သူရိယနဲ့ သာယာတဲ့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်နေတာလည်းဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို အတူလက်တွဲလုပ်ကိုင်နေတာဖြစ်ပြီး နှစ်ယောက်စလုံးရဲ့အောင်မြင်မှုတွေဟာဆိုရင်လည်းလျော့မကျသွားပဲ တိုးသထက်တိုးလာတာကို ပရိသတ်ကြီးအနေနဲ့ တွေ့မြင်ရမှာပါ.....။

ဆုအိမ့်စံရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေအများဆုံးရိုက်ကူးနေတာဖြစ်ပြီး အခမ်းအနားပွဲလမ်းသဘင်တွေ ဖျော်ဖြေပွဲတွေကိုလည်းတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေလည်းများစွာ ရိုက်ကူးခဲ့ပြီး သဘာဝကျကျ ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်မှုတွေကို လည်းပရိသတ်ကြီးတို့အနေနဲ့ မြင်တွေ့ခဲ့ရမှာဖြစ်ပါတယ်။ Tik tok ဗီဒီယိုလေးတွေကြည့်ရှုခံစားရအောင်လည်း ပြုလုပ်ဖန်တီးခဲ့တာဖြစ်ပါတယ်...။

ဆုအိမ့်စံဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း ဒီနေ့မှာကျရောက်ခဲ့တဲ့ မွေးနေ့လေးမှာ ဘုရားသွားပြီး အမှတ်တရ ပုံရိပ်လေးတွေ ရိုက်ကူးခဲ့တာဖြစ်ပြီး " မွေးနေ့မှာ ဘုရားသွားဖြစ်တာလေး ချစ်တဲ့သူတွေပေးတဲ့ဆုနဲ့ပြည့်ပါစေ အရမ်းလှတဲ့ကချင်အစလေးပေးတဲ့ အမေဒွေးကိုကျေးဇူးများကြီးတင်ပါတယ် ဒီကချင်ပိတ်စလေးကို ခုလိုလှပအောင် ချုပ်ပေးတဲ့ကံ့ကော်မေ ပိုးထည်တိုက် ကိုကျေးဇူးအထူးတင်ပါတယ်" ဆိုတဲ့ ကျေးဇူးတင်ကြောင်းရေးသားထားတဲ့ status လေးနဲ့တကွ သူမရဲ့ official facebook acc တွင် ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Hsu Eaint San 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။