မြန်မာ့ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းဟာ မတ်လ ၃၁ ရက်တွင် ရန်ကုန်မြို့တွင်ကျင်းပမည့်ည မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်တော့မှာပဲ ဖြစ်ပါတယ်။ ထွန်းထွန်းမင်းဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ယခင်ရှုံးနိမ့်ထားသော ကနေဒါနိုင်ငံသား ဒေ့ဗ်နှင့် တတိယအကြိမ်မြောက်ယှဉ်ပြိုင်ကာ အရှုံးအနိုင် အဖြေမပေါ်သဖြင့် ဒေ့ဗ်ကသာ ချန်ပီယံခါးပတ်ကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲများရပ်နာထားခဲ့တာပဲ ဖြစ်ပါတယ်။  

ဒူးဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ထွန်းထွန်းမင်းကတော့ မြန်မာ့လက်ဝှေ့ချန်ပီယံဘွဲ့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် လက်ဝှေ့လောကထဲသို့ တကျော့ပြန်ဝင်ရောက်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒေဝနဲ့ ပွဲအပြီးမှာတော့ လေ့ကျင့်မှုတွေကို အဆက်မပျက်ပြုလုပ်ခဲ့ပြီး လာမည့် မတ်လ ၃၁ရက်နေ့မှာလည်း ထိုင်းဖိုက်တာတစ်ဦးနဲ့ ထိုးသတ်သွားဖို့ရှိနေကြောင်း သိရပါတယ်။ အဆိုပါပွဲကတော့ ရန်ကုန် သိမ်ဖြူ အားကစားကွင်းမှာပြုလုပ်မှာဖြစ်ပြီး ထိုင်းဖိုက်တာ ထာနီလစ် နဲ့ ထိုးသတ်ရမှာဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ ပြိုင်ပွဲကိုတော့ မတ်လ ၃၁ရက်( တနင်္ဂနွေ) နေ့ နေ့လည်၂ နာရီမှာ စတင်ကျင်းပပြုလုပ်မှာဖြစ်ပြီး မွေထိုင်းချန်ပီယံဟောင်း ထာနီလစ်နဲ့ ထိုးသတ်ရမှာပဲဖြစ်ပါတယ်။ မြန်မာ့လက်ဝှေ့လောကထဲပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ မြန်မာ့လကဝှေ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းနဲ့ ထာနီလစ်တို့ရဲ့ ပွဲကိုအတူတူအားပေးရင် အဆိုပါ ပြိုင်ပွဲနဲ့အတူ ထိုးသတ်မည့် ပွဲစဉ်များကို မျှဝေပေးလိုက်ပါတယ်။

Photos - Lethwei Nation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။