ဘောလုံးပြိုင်ပွဲတစ်ခုဆိုတာပရိသတ်တွေအမြောက်အများနဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ကမ္ဘာအရပ်ရပ်ကပရိသတ်တွေအားပေးမှုအမြင့်ဆုံးမှာရှိတဲ့ကစားနည်းတစ်မျိူးလည်းဖြစ်ပါတယ်။နိုင်ငံပွဲတွေတိုင်းမှာလည်းပြိုင်ဆိုင်မှုပြင်းထန်သလိုကလပ်အသင်းတိုင်းမှာလည်းအကြိတ်အနယ်ပဲဖြစ်ပါတယ်။

အားပေးနေတဲ့ပရိသတ်တွေကလည်းမိမိအသင်းရဲ့အောင်မြင်မှုဟာဘာနဲ့မှလဲလို့မရအောင်ပျော်ရွှင်စေတာပဲဖြစ်ပါတယ်။ဒါကြောင့်ကစားသမားတွေကလည်းမိမိအသင်းအနိုင်ရဖို့အတွက်ဆိုအကောင်းဆုံးပေးဆပ်ချင်ကြတာပဲဖြစ်ပါတယ်။အဲ့လို့အသင်းနိုင်ဖို့ကြိုးစားတဲ့အခြေနေတွေကနေပြီးတော့မှအငြင်းပွားဖွယ်အခြေနေတွေကိုလည်းပရိသတ်တွေမြင်တွေ့ခဲ့ကြဘူးမှာပါ။

မိမိအသင်းအနိုင်ရဖို့ပယ်နတီရရှိဖို့ပယ်နတီဧရိယာထဲမှာဟန်ဆောင်လှဲချမှုတွေရှိသလိုအချိန်ဆွဲတဲ့အချိန်တွေလည်းရှိပါတယ်။မိမိအသင်းအနိုင်ရတာနဲ့အမျှပွဲကစားချိန်ပြီးခါနီးတိုင်းကိုအချိန်ဆွဲကြတာယနေ့တိုင်ရှိနေတုန်းပဲဖြစ်ပါတယ်။ခုမှာလည်းပရိသတ်တွေအတွက်အချိန်ဆွဲနေတာကိုမကျေနပ်ပဲကစားကမားအချင်းချင်းထိုးကြိတ်မှုတွေတောင်ဖြစ်သွားစေတဲ့VIDEOလေးကိုလည်းဝေမျှပေးလိုက်ကပါတယ်။

SOURCE:Funny TIME WASTER Moments In Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။