ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးဖြစ်တဲ့ ပရိသတ်တွေရဲ့ အသည်းကျော် နန်းစန္ဒာလှထွန်းဟာဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ တက်သစ်စ လူငယ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အပြင် တကယ့်ကို ချစ်စရာကောင်းတဲ့ သူလေးမို့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သူလေးလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ကိုရီးယားမလေးလို အသည်းယားစရာကောင်းပြီး ကြွေရုပ်လေးလို လှနေတဲ့ ဟန်နာယူရီကလည်း ကျွမ်းကျင်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို နေမအား ညမအား ကြိုးစားလုပ်ကိုင်နေတဲ့ သူမတို့နှစ်ယောက်လုံးက ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေဖြစ်သလို အရည်အချင်းကိုယ်စီနဲ့ ကိုယ်ပိုင်အောင်မြင်မှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ လတ်တလောမှာ ပရိသတ်တွေကို အံ့သြသွားစေလောက်အောင် အလှနတ်မိမယ်လေးနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရတော့မှာပါ။

နှစ်ယောက်သား Photo shootingတစ်ခုအတွက် အတူတူ အမိုက်စား ပုံရိပ်လေးတွေကို ရိုက်ပေးနေတာကိုလည်း မြင်တွေ့ရမှာပါ။ တစ်ယောက်ချင်းစီတောင် ရူးသွားလောက်အောင် လှတဲ့ သူမတို့ နှစ်ယောက်က ပုရိသတွေရဲ့ အသည်းတွေ အကုန်လုံး ကြွေသွားလောက်အောင် ရိုက်ထားတဲ့ Snap Chat ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်။

Source: Hanna Yu Ri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။