IP Man ကားကိုပရိသတ်ကြီး ကောင်းကောင်းသိမယ်ထင်ပါတယ်....ကားဟာဆိုရင်လဲ တကယ်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ IP Man ရဲ့ တကယ့်လူနာမည်ကတော့ Yip Man ပဲဖြစ်ကာ သူမှာတပည်ကျော်တွေများစွာရှိပါတယ်။ အဲ့တပည်ကျော်တွေထဲကမှ ကမ္ဘာကလူအသိများဆုံးသူကတော့ မင်းသား Bruce Lee ပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံက သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ရုပ်ရှင်ရိုက်ကူးကာ အောင်မြင်မှုတွေရခဲ့ပါတယ်။  

IP Man အဖြစ်သရုပ်ဆောင်တဲ့မင်းသားဟာလဲ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်ကာ Hollywood ကားတွေမှာလဲ ပါဝင်ခဲ့ပါတယ်။ မင်းသားနာမည်ကတော့ Donnie Yen ပဲဖြစ်ကာ ပရိသတ်ကြီးလဲ ကောင်းကောင်းရင်နှီးမယ်လိုထင်ပါတယ်။ မင်းသား Donnie Yen ရဲ့ ထွက်ရှိလာတဲ့ Action ကားတွေဟာ ပရိသတ်တွေကို ကြိုက်နှစ်သက်စေတာမို့ ရင်းနှီးကြမှာပါ။ခုဆိုရင်လဲ IP Man ကားဟာ ၃ကားထိထွက်ရှိလိုလာပြီး လေးကားမြောက်ကိုတောင်ရောက်ရှိလာပြီဖြစ်ပါတယ်။ 

ခုထွက်လာမဲ့၄ကားမြောက်မှာ ပါလာမဲ့နာမည်ကြီးသရုပ်ဆောင်မင်းသားကတော့ Scott Adkins ပဲဖြစ်ပါတယ်။ IP Man 3 မှာ သူရဲ့မိန်းမဖြစ်သူက ဆုံးသွားပြီဆိုတော့ သူအနေနဲ့ တစ်ယောက်တည်းဘယ်လို့ေှရဆက်မလဲဆိုတာကို စောင့်ကြည်ရမှာဖြစ်ပြီး ဘယ်လိုမျိုး Action ခန်းတွေနဲ့ ပရိသတ်ကြီးကို ဖမ်းယူသွားမလဲဆိုတာကိုလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ပရီသတ်ကြီးအတွက် IP Man 4 Trailer ကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်။ 

Source : You Tube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။