ပရိတ်သတ်ကြီးရေ အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်လာရင်း ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ တစ်စတစ်စ နေရာယူလာတဲ့ မင်းသမီးချောလေး ခေးဆက်သွင်ကတော့ Mrtv4 ကထုတ်လွှင့်တဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ချစ်စရာမျက်နှာထားလေးနဲ့ ဖြူစင်တဲ့အပြုံးလေးတွေကြောင့် သူမရဲ့မျက်နှာလေးက အေးချမ်းလို့နေပါတယ်နော်။

ခေးဆက်သွင်ဆိုတဲ့ နာမည်ဆန်းဆန်းလေးကလည်း ပရိတ်သတ်တွေကြားမှာ ရေပန်းစားလာပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကို ပရိတ်သတ်တွေက အားပေးကြပါတယ်နော်။ခေးဆက်သွင်က ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်ပြီး အနုပညာအလုပ်ကို ကြိုးစားပမ်းစားလုပ်ဆောင်တဲ့ မင်းသမီးလေးပါ။

ခေးဆက်သွင်ရဲ့ မွေးနေ့လေးမှာ သူငယ်ချင်းတွေနဲ့ ချစ်ပရိတ်သတ်တွေက မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြပြီး မနေ့က ခေးဆက်သွင်ရဲ့ မွေးနေ့ပွဲလေးမှာ သူငယ်ချင်းတွေက Suprise လုပ်ကြပြီး ဒီနေ့မှာဆိုရင်တော့ သူငယ်ချင်းတွေနဲ့အတူ ကောင်းမှုကုသိုလ်တစ်ခုကို ပြုလုပ်ခဲ့ကြပြီး ပျော်ပျော်ပါးပါးနဲ့ ဖြတ်သန်းခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:So Pyay Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။