မြန်မာ့ကိုယ်စားပြုဖိုက်တာတွေထဲမှာ မြန်မာ့လက်ဝှေ့နဲ့ One Chempionship (MMA) နာမည်ကြီး ဖိုက်တာတစ်ဦးဖြစ်တဲ့ ဖိုးသော်ကလည်း တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ အောင်လအန်ဆန်းနှင့်အတူ ပြည်တွင်းလက်ဝှေ့နာမည်အကျော်အမော်တွေနဲ့လည်း ခင်မင်ရင်းနှီးသူတစ်ယောက်ဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ လက်ဝှေ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ပြည်ပနိုင်ငံမှာ ဖိုက်တာများစွာကို အလဲထိုးထားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပြည်တွင်း မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာများစွာရဲ့ ပညာတွေကိုပါ လေ့လာသင်ယူခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။  

ဖိုးသော်ကတော့ လက်ရှိပြည်ပနိုင်ငံတွေမှာ သွားရောက်လေ့ကျင့်မှုတွေပြုလုပ်လျှက်ရှိပြီး နိုင်ငံတကာအတွေ့အကြုံတွေကို ဖန်တီးလျှက်ရှိတာတွေ့ရပါတယ်။ ဒီကနေ့ ဖိုးသော်ကတော့ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုတွေဖြစ်ခဲ့တဲ့ MMA ပြိုင်ပွဲသို့ ပို့ဆောင်ခဲ့တဲ့ လက်ဦးဆရာတစ်ဦးကို သွားရောက်ကန့်တော့ခဲ့ကြောင်းသိရပါတယ်။ အဆိုပါ လက်ဦးဆရာကတော့ ဦးအောင်ပွဲမောင်(ခေါ်) အဖြူရောက်သွေးသစ် ပဲဖြစ်ပါတယ်။  

အဆိုပါ သွားရောက်ကန့်တော့မှုနဲ့ပတ်သက်ပြီး ဖိုးသော်ကတော့ "ပွဲဦးထွက် MMA/လက်ဝှေ့ပွဲ တွေကို ယှဉ်ပြိုင်နိုင်အောင် ပညာ နဲ့ ခွန်အား တွေ ပေးခဲ့သော လက်ဦးဆရာ ဦးအောင်ပွဲမောင်@အဖြူရောင်သွေးသစ်" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ အောင်မြင်မှုရရှိချိန်မှာတော့ ကျေးဇူးရှင်တွေကို တက်နိုင်တဲ့ဘက်က ကူညီထောက်ပံ့ပေးခဲ့တဲ့ ဖိုးသော်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Phoe Thaw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။