ဒါရိုက်တာမိုက်တီး လင်းဇာနည်ဇော် ချစ်ချစ်ဇော် တို့ကတော့ အနပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေခဲ့ပါတယ်။ သူတို့ရဲ့ ချစ်ဖေကြီး ဒါရိုက်တာ ဦးခင်ဇော်ဟာလဲအောင်မြင်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး အဖေဖြစ်သူကွယ်လွန်သွားလို့ ချစ်ချစ်ဇော်တို့ညီအမတွေ စိတ်မကောင်းဖြစ်ရပါတယ်။  

ယနေ့မှာတော့ ချစ်ချစ်ဇော်ဟာ ခက်ခဲကြမ်းတမ်းတဲ့လမ်းတွေကို လျှောက်ရင်း ဘဝအမောတွေ ပျောက်ကွယ်စေတဲ့ Surprise Birthdayကြောင့် ပျော်နေပါတယ်။ချစ်ချစ်ဇော်ကတော့ "မရီဖြစ်ခဲ့တာကြာပါပြီ။မပျော်ခဲ့ရတာကြာပါပြီ။စိတ်ကိုထိန်းချုပ်ထားခဲ့ရတာကြာပါပြီ။ဘဝတစ်ခုလုံး အချုပ်အနှောင်ကျခဲ့ရသလို ခက်ခဲကြမ်းတမ်းတဲ့လမ်းတွေကို ချိနဲ့ပင်ပန်းစွာ လျှောက်ခဲ့ရတာကြာပါပြီ။အဲလို ခံစားချက်ပေါင်းများစွာနဲ့ကျမကို စိတ်လွတ်ကိုယ်လွတ် ရယ်မောပျော်ရွှင်နိူင်ဖို့၊ ဘဝအမောတွေ ခဏတာပျောက်ကွယ်စေဖို့၊ကျမရဲ့""မွေးနေ့"ဆိုတဲ့မှတ်တိုင်လေးမှာ ထင်မှတ်မထားခဲ့တဲ့Surprise Birthdayလေးတစ်ခုဖန်တီးပေးခဲ့သူအားလုံး မွေးနေ့ဆုတောင်းများပေးပို့ကြတဲ့ ချစ်မိတ်ဆွေများမဖော်ပြနိူင်သောပီတိဖြစ်ခြင်းပေါင်းများစွာနဲ့ ကျေးဇူးအကြီးကြီးတင်ရပါတယ်ရှင်။

မနက် နာရေးကူညီမှု့အသင်း၊ ရေဝေးမှစည်ပင်ဝန်ထမ်းများကိုရွှေခေါက်ဆွဲဒါနပြုရင်း အဖိုးလေးကိုကန်တော့ဖြစ်တော့ကျမတော်တော်ကြေကွဲခဲ့ရပါတယ်။ အရင့်အရင်နှစ်တိုင်း အဖေနဲ့အမေကိုတွဲကန်တော့နေကျမို့ အမေ့ကိုသပ်သပ် အဖေ့ကိုသပ်သပ်ခွဲကန်တော့ရတော့ ရင်နဲ့မဆန့်အောင်ခံစားခဲ့မိပါတယ်။ဒါပေမယ့်လဲ လူ့ဘဝဆိုတာဝမ်းနည်းစရာ နဲ့ဝမ်းသာစရာအမြဲဒွန်တွဲနေတာပါလား..လို့ကျမသိလိုက်ရပါပြီ။ရှေ့လျှောက်ရမယ့်လမ်းတွေအတွက်စိတ်ဓာတ်တွေကြံ့ကြံ့ခိုင်အောင်ကျမကြိုးစားပါတော့မည်။ "ဆိုပြီးရေးသားထားပါတယ်။

source: ချစ်ချစ်ဇော် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။