Justin Bieber နဲ့ Hailey Baldwin တို့ဟာ ပြီးခဲ့တဲ့ရက်တွေတန်းက ပန်းခြံတွေသွား ကမ်းခြေတွေသွားပြီး အပန်းဖြေအနားယူကာ ပျော်ရွှင်စရာအချိန်တွေကို ပိုင်ဆိုင်ခဲ့ကြတာကိုတွေ့ရှိရပါတယ်။ အမြဲတမ်းတော့ပျော်ရွှင်နေရတာမဟုတ်ပေမဲ့လဲ အမြဲတမ်းလဲ အဆက်မပြေနေတာမဟုတ်ပါဘူး။ ပရိသတ်တွေကလဲ သူတို့နှစ်ယောက်ကို ဘယ်လိုပြောလို့ပြောရမှန်းမသိဖြစ်ကာ သတင်းသမားတွေလဲ JB ရဲ့စိတ်ကိုနားမလည်တတ်ကြတော့ပါဘူး။ 

ဗုဒ္ဓဟူးနေ့ညမှာတော့ နှစ်ယောက်ဟာဆိုရင် ဘုရားကျောင်းကို အတူတူသွားခဲ့ကြကာပျော်ရွှင်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာဆိုရင် JB ရဲ့အမဲရောင် Lamborghini URUS နဲ့အတူ Hollywood က Saban Theater ကိုရောက်ရှိလာခဲ့ပါတယ်။ JB ကိုကြည့်ရတာ ပျော်ရွှင်နေခဲ့ပြီး ကားရဲ့တန်ဖိုးဟာဆိုရင် ဒေါ်လာ၂သိန်းခွဲ တန်ဖိုးရှိပါတယ်။ နှစ်ယောက်ဟာဆိုရင်လဲ မင်္ဂလာဆောင်မဲ့ကိစ္စကို ရွေ့ထားပြီး JB ရဲ့ကျန်းမာရေးအခြေအနေကိုပဲ အာရုံစိုက်နေခဲ့ပါတယ်။ 

နောက်နေ့မနက်မှာတော့ JBဟာတစ်ယောက်ထဲ မြို့ပေါ်ကိုထွက်ရှိလာခဲ့ကာ လန်းဆန်းတက်ကြွနေပါတယ်။ အခုလပိုင်းထဲမှာ စိတ်ဖိစီးမှုတွေ ပြည့်နှက်နေခဲ့ပေမဲ့လဲ လကုန်ခါနီးမှာ တဖြည်းဖြည်းနဲ့ ပျော်ရွှင်လာတာကိုတွေ့ရှိရပါတယ်။ သူတို့နှစ်ယောက် အဆင်ပြေတာကိုပဲ တွေ့ချင်နေတဲ့ ပရိသတ်ကြီးအတွက် ခုလိုသူဖြစ်နေတာ သူတကယ်ပျော်ရွှင်နေမယ်လို့ ထင်ပါတယ်။ သူတို့နှစ်ယောက်ပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။