Dance Group တစ်ခုဖြစ်တဲ့ Project K အဖွဲ့ကတော့ ခုနှစ်ယောက်လုံး အလန်းစားရိုက်ကူး ထားတဲ့ ပုံရိပ်တွေနဲ့ ပျိုပျိုမေတို့ကို ရင်ခုန်အောင် ဖမ်းစားလိုက်ပြန်ပါပြီ။ Project K ဟာ နှုတ်ခမ်းနီမလေးတွေ ကြားမှာ ရေပန်းစားလွန်းတဲ့ ကောင်ချောလေး ခုနှစ်ယောက် စုပေါင်းဖွဲ့စည်ထားတဲ့ Dance Group တစ်ခုပဲဖြစ်ပါတယ်။ ခုနှစ်ယောက်လုံးက တစ်ယောက် တစ်မျိုးစီ ဆွဲဆောင်မှုအပြည့်နဲ့ ချောနေတာပါ။ အကလည်းကောင်း အဆိုလည်းကောင်းမို့ အမျိုးသမီးထုကြီးက အပြတ်အသတ်ကို ဝန်းရံနေကြပါတယ်။

အလန်းစား Fashion တွေနဲ့ အကြည့်စူးစူးတွေက Heart ထိ သွားလောက်အောင်ကို မိလွန်းမိုက်လွန်းနေပါတယ်။ တစ်ယောက်တစ်မျိုး ဆွဲဆောင်မှုပိုနေတဲ့ Dancer လေး ၇ ယောက်ကတော့ အကြည့်တွေ Fashion အလန်းစားတွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲနှလုံးကို ညို့ယူဖမ်းစားလို့နေပါပြီ။ အားလုံးတက်ညီလက်ညီကြိုးစားခဲ့ပြီး အောင်မြင်မှုရရှိနေတဲ့ အနေအထားတစ်ခုကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ ဒီထက်မကပိုပြီး အောင်မြင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါ တယ် Project K အဖွဲ့ရေ။

၇ ယောက်သားရဲ့အမိုက်စားပုံရိပ်တွေကို ဓာတ်ပုံဆရာ Haw က ပုံဖော်ရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ်။ အလန်းဆုံးဆိုတဲ့ ပုံစံအမိုက်စားတွေ ကိုပဲ ဆင်မြန်းထားပြီး အကြည့်တွေက အသက်လို့ဆိုရလောက်အောင်ကို မိုက်လွန်းနေတာမို့ ပျိုပျိုမေတို့အတွက် အလန်းစား Dancer ချောလေး ၇ ယောက်ရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo – Haw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။