ပရိသတ်ကြီးရေ.. အားလုံးရင်ခုန်စွာ စောင့်မျှော်နေကြတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကတော့ မနက်ဖြန်မတ်လ(၂၃)ရက်နေ့မှာပဲ ကျင်းပပြုလုပ်တော့မှာပဲ ဖြစ်ပါတယ်နော်..။

အားလုံးကို ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးရဲ့ အမျိုးသားအမျိုးသမီး ဇာတ်ဆောင်နဲ့ဇာတ်ပို့ဆုအတွက် အကယ်ဒမီရရှိနိုင်မယ့် အနုပညာရှင်စာရင်းတွေလည်း ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်နော်..။

(၂၀၁၈-၂၀၁၉)ခုနှစ်အတွက် အမျိုးသားအမျိုးသမီး ဇာတ်ဆောင်နဲ့ဇာတ်ပို့ဆုအတွက် အကယ်ဒမီခန့်မှန်းစာရင်းတွေလည်း ထွက်ရှိလာခဲ့ပါပြီနော်..။

(၂၀၁၈-၂၀၁၉)ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုအတွက် “မုန်းစွဲ” ဇာတ်ကားမှာ မင်းသားနေတိုးနဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်” ဇာတ်ကားနဲ့ အလင်းရောင် တို့ကို ခန့်မှန်းထားပြီး အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအတွက် နောက်ဆုံးခန့်မှန်းထားတဲ့ အနုပညာရှင်ကတော့ “ရွှေကြာ”ဇာတ်ကားနဲ့ မင်းသမီးချောဖွေးဖွေးနဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပိုင်ဖြိုးသုတို့ကို ခန့်ထားကြတာ တွေ့ရပါတယ်..။

အကောင်းဆုံး အမျိုးသား အမျိုးသားသမီး ဇာတ်ပို့ဆုတွေအတွက် ခန့်မှန်းခံထားရတဲ့ အနုပညာရှင်တွေကတော့ “နောင်တွင်ဥဒါန်းတွင်စေသတည်း” ဇာတ်ကားမှာ ဦးမိုးဒီနဲ့ “မုန်းစွဲ” ဇာတ်ကားမှာတော့ ကျော်ကျော်ဗိုတို့ဖြစ်ပြီး အမျိုးသမီးဇာတ်ပို့ဆုအတွက် “ကြက်ဂူ” ဇာတ်ကားမှာ ထွန်းအိန္ဒြာဗိုနဲ့ “မုန်းစွဲ” ဇာတ်ကားမှာ အေးဝတ်ရည်သောင်းတို့က အသီးသီး အကယ်ဒမီခန့်မှန်းခံထားကြရတာ ဖြစ်ပါတယ်..။

မတ်လ (၂၃)ရက်နေ့မှာ ကျင်းပပြုလုပ်တော့မယ့် (၂၀၁၈)ခုနှစ် မြန်မာ့အကယ်ဒမီဆုချီးမြင့်ပွဲ အခမ်းအနားကြီးကိုတော့ ရန်ကုန် (The One Entertainment Park) မှာ ညနေ (၃)နာရီကနေ (၁၀)နာရီအထိ စည်စည်ကားကားကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်နော်..။

Photo - အကယ်ဒမီဆုချီးမြင့်ပွဲ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။