ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဇင်ဘာတွေနိုင်ငံထဲကို အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေး ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

၎င်းမုန်တိုင်းဟာ တနာရီကို လေတိုက်နှုန်း ၁၀၅ မိုင်နှုန်းအထိြင်းအားရှိခဲ့ပြီး ၎င်းမုန်တိုင်းကြောင့် ထိခိုက်သေဆုံးသူဦးရေဟာ တဖြေးဖြေးမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

မနေ့ကအထိဆိုရင်လည်း သေဆုံးသူဦးရေဟာ ၁၃၉ ယောက်အထိရှိနေပြီဖြစ်ပြီး နောက်ထပ်လည်း ထပ်တိုးလာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇင်ဘာတွေနိုင်ငံထဲက သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ၎င်းမုန်တိုင်းမဝင်ရောက်ခင်ထဲက စားနပ်ရိက္ခာ ပြတ်လတ်မှုဒဏ်ကိုကြုံတွေ့နေရတာဖြစ်သလို အခုဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် သူတို့ရဲ့အခက်အခဲတွေဟာ အခြေအနေပိုဆိုးလာခဲ့ပါတယ်။

ဒါ့ကြောင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP ) က ၎င်းမုန်တိုင်းဒဏ်သင့်ဒေသမှာရှိတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးဖို့အတွက် လုပ်ဆောင်ပေးနေပါတယ်။

ဒါ့အပြင် ဇင်ဘာတွေပြည်သူ နှစ်သိန်းကျော်လောက်ဟာ နောက်သုံးသလောက်အထိ စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေသေးတယ်လို့ သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။