ဒီလိုကိစ္စတွေဆိုတာက အရင်ကတည်းကရှိနေတာဆိုတော့ အထူးအဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းအရာလေးကနည်းနည်းလေး ကွဲထွက်တဲ့အပြင် ပရိတ်သတ်တွေပြောပြောနေတဲ့ သေမင်းဆိုတဲ့ အရာလည်း ပါဝင်လာတဲ့အတွက် တော်တော်လေးဆန်းကြယ်တယ်လို့ပဲဆိုရမယ်။ ဒါတွေကိုဖြစ်စေတဲ့အရာကတော့ ကဗျာတစ်ပုဒ်ပါပဲ။ သာမာန်ဆိုမထူးဆန်းပေမယ့် ဒီကဗျာက သေမင်းကိုဆင့်ခေါ်နိုင်စွမ်းရှိတဲ့ကဗျာတစ်ပုဒ်ဖြစ်နေတာကတော့ တော်တော်ကိုထူးဆန်းတဲ့ အရာပါနော်။

ဒီကဗျာဟာ ဂျပန် နာမည်ကြီး စာရေးဆရာ " Yomota Inuhiko "ရေးသားတဲ့ " The Heart is Like a Rolling Stone "ဆိုတဲ့ စာအုပ်ထဲမှာ " Tomino's Hell "ခေါ်တဲ့ ကဗျာအနေနဲ့ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ၁၉၁၉ခုနှစ်မှာတော့ Saizo Yasoဆိုတဲ့ သူက နာမည်ကျော်ကဗျာတွေကို ကဗျာပေါင်းချုပ်လုပ်ပြီးထုတ်ဝေခဲ့ပါတယ်။ ဒါပေမယ့် ဒီကဗျာတွေထဲမှာမှ ဒီတစ်ပုဒ်ကိုတော့ လုံးဝအသံထွက်မဖတ်ဖို့အတွက် အကြီးအကျယ်တားမြစ်ထားပါတယ်။ လူဆိုတဲ့အမျိုးကလည်း မလုပ်နဲ့ဆိုတာကိုမှ လုပ်ချင်တဲ့သူတွေဆိုတော့ ဒီကဗျာစာအုပ်ထွက်ပြီးမကြာမှီမှာ ဒီကဗျာကြောင့်သေဆုံးခဲ့သူတွေ တောင်လိုပုံခဲ့ရပါတယ်။

တိုက်ဆိုင်မှုဆိုတာတော့ ယုံရခက်ခက်ပါပဲ။ ဘာလို့လဲဆိုတော့ (၁၀) ယောက်မှာ (၆)ယောက်လောက်က ဒီကဗျာဖတ်ပြီး ရောဂါမရှိဘဲခေါက်ကနဲသေဆုံးခဲ့ကြလို့ပါ။ သေတာမှရိုးရိုးသေတာမဟုတ်ဘဲ အက်ဆီးဒင့်တစ်ခုခုအပြင်းအထန်ဖြစ်ပြီး မရှုမလှသေခဲ့ကြရတာပါ။ မသေခင်တော့ သေမင်းဆိုတဲ့အရာက သူတို့နောက်ကို လိုက်နေတယ်လို့ပြောခဲ့ကြပါသေးတယ်တဲ့။ ဒီကဗျာပါဝင်တဲ့ မူရင်းစာအုပ်ထဲမှာဆိုရင် မကောင်းဆိုးဝါးပုံတွေနဲ့ ထူးခြားတဲ့သရဲလိုလို တစ္ဆေ လိုလိုပုံတွေလည်း ကြောက်ဖို့ကောင်းလောက်အောင်ကိုပါဝင်ခဲ့ပါသေးတယ်။ မယုံလို့ဆိုပြီးစမ်းသပ်ကြည့်တဲ့အနေနဲ့ ကဗျာကိုအကျယ်ကြီးအော်ဖတ်ကြည့်ကြတဲ့သူတွေထဲမှာတော့ ကံကောင်းစွာပဲ တစ်ယောက်မှအသက်မရှင်ခဲ့ကြပါဘူး။ ကဲ...ပရိတ်သတ်ကြီးလည်း ဖတ်မယ်ဆိုရင် ဖတ်လို့ရအောင် ကဗျာစာသားတွေကိုပြန်လည်မျှဝေပေးထားပါတယ်နော်။ဒါပေမယ့် မပူပါနဲ့။သူတို့က..ကဗျာကို ဂျပန်လိုဖွဲ့နွဲ့ပြီးရေးထားတာမို့ ကိုယ်တွေလည်းနားမလည်ပါဘူး။ သိုပသော် အသံထွက်တွေလည်းတင်ပေးထားတာမို့ အသံတော့အကျယ်ကြီးထွက်မဖတ်နဲ့ ပေါ့ဗျာ....

Source : creepypasta.fandom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။