ချို့တဲ့နေတဲ့ မြန်မာ့ပညာရေးလမ်းကြောင်းကြီးကို ပြောင်းလဲမှုတွေများစွာပြုလုပ်လျှက်ရှိပေမယ့် ကျေးလက်ဒေသများစွာမှာတော့ ယနေ့ထက်ထိနိမ့်ကျလျှက်ရှိကြောင်း သိရပါတယ်။ စစ်ဘေးသင့်ဒေသတွေမှာ ပညာသင်ဖို့ထက် စားဝတ်နေရေးကို အဓိကထားကြိုးစားနေရပြီး သားသမီးတွေရဲ့ ပညာသင်ကြားမှုတွေကို ရပ်နားထားရသူတွေလည်း များစွာရှိနေပါတယ်။ အဆိုပါ ကျေးလက်ဒေသတွေထဲမှာ ချင်းပြည်နယ်ရှိ အခြေခံမှုလတန်းကျောင်းမှ ဗီဒီယိုဖိုင်လေးတစ်ခုကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ ချစ်စရာချင်းတိုင်းရင်းသား/သူတွေရဲ့ စကားသံဝဲ၀ဲလေးဖြင့် နိုင်ငံတော်သီချင်းသီဆိုမှုဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ အြခေခံပညာကျောင်းလေးမှ မြန်မာ့နိုင်ငံတော်သီချင်းကို ဗမာလေသံ ခတ်ဝဲ၀ဲလေးဖြင့် ညီညီညာညာသီဆိုပုံလေးက နားထောင်သူတိုင်းကို ကြည်နူးစေမှာအမှန်ပဲဖြစ်ပါတယ်။  

ဆင်းရဲချို့တဲ့နေတဲ့ ဒေသတွေမှာ သွားရောက်သင်ကြားပေးနေတဲ့ ကျောင်းဆရာ၊ ဆရာမလေးတွေရဲ့ အရိပ်အောက်မှာ ထူးချွန်ထက်မြတ်တဲ့ နိုင်ငံသူရဲကောင်းများစွာလည်း မွေးဖွားနိုင်ခဲ့တဲ့ သာဓကတွေကတော့ များစွာရှိနေတာအားလုံးသိမယ်ထင်ပါတယ်။ ကြည့်ရှု့သူ သိန်းချီရှိခဲ့တဲ့ ချင်းပြည်နယ်အခြေခံကျောင်းလေးမှ ချစ်စရာကလေးငယ်တွေရဲ့ နိုင်ငံတော်သီချင်းဖျော်ဖြေမှုဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Video - Sai Pan Hpa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။