အဆိုတော် အာဘွိုင်းနဲ့ သရုပ်ဆောင် မြတ်ရတနာကျော်တို့စုံတွဲကတော့ ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်စုံတွဲလေး ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေကြားက လက်တွဲတွေ ခိုင်မြဲခဲ့ကြတဲ့ သူတို့စုံတွဲလေးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အ၀ ရရှိထားတာလည်း ဖြစ်ပါတယ်။ အခုဆိုရင် သူတို့မိသားစုလေးက ပျော်ပျော်ရွှင်ရွှင်နဲ့ အေးချမ်းတဲ့ဘဝလေးကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အာဘွိုင်းရဲ့သမီးလေးဖြစ်တဲ့ Scarlett Phyo Tun ကတော့ မွေးစအရွယ်လေးကတည်းက ပန်းနုရောင်သန်းတဲ့ ပါးနုနုလေးတွေနဲ့ အရမ်းကို ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ Scarlett လေးရဲ့ အသည်းယားစရာကောင်းတဲ့ ပါးဖောင်းဖောင်းလေးတွေက မြင်သူတိုင်းကို ချစ်မဝဖြစ်စေနိုင်တာ ဖြစ်ပါတယ်။ အခုလည်း Scarlett လေးက သူ့စိတ်ကြိုက် ဆော့ကစားရင်း ပျော်ရွှင်မြူးတူးနေတာကို မေမေမြတ်ရတနာကျော်က ဗီဒီယိုလေး ရိုက်ကူးပေးထားပါတယ်။

ကစားစရာ တွန်းလှည်းလေးထဲမှာ ခုန်ပေါက်ပျော်ရွှင်နေတဲ့ Scarlett လေးကတော့ အားရပါးရ ကစားရင်း အသံထွက်တဲ့အထိ ရယ်မောနေတာလည်း တွေ့ရပါတယ်။ အပြစ်ကင်းစင်တဲ့ Scarlett ရဲ့ အမူအရာလေးတွေကတော့ အရမ်းကို အပြစ်ကင်းစင်လွန်းတာကြောင့် ပရိသတ်တွေက ချစ်မဝဖြစ်နေရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အာဘွိုင်းရဲ့သမီးချောလေး Scarlett ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Myat Yadanar Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။