ပရိသတ်ကြီးတို့ရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားကြတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ ပီပြင်တဲ့သရုပ်ောဆင်ပိုင်နိုင်မှုတွေအပြင် ချစ်စရာ ဟန်ပန်လေးတွေနဲ့ အားလုံးရဲ့ အချစ်တွေကိုသိမ်းပိုက်ထားတဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကလည်း အပါအဝင်ပါပဲ..။

ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းကျော်လေး ဝင့်ယမုံနိုင်ကတော့ လက်ရှိမှာထုတ်လွှင့်ပြသနေတဲ့ “ကျွန်မက မဟေသီ” ဇာတ်ကားမှာလည်း စံမြန်းဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ ပရိသတ်တွေရဲ့ ကရုဏတွေနဲ့ အချစ်တွေကို ထပ်မံသိမ်းပိုက်ထားတာလည်း တွေ့ရပါတယ်နော်..။

ပရိသတ်အချစ်ောတ် စံမြန်းကတော့ မန္တလေးမဟာမြတ်မုနိဘုရားကြီးမှာ ဘုရားသွားကျောင်းတတ်ကုသိုလ်ယူရင်း ချစ်သူခင်သူ ချစ်ပရိသတ်တွေအတွက်လည်း ကုသိုလ်အလှူလေးတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်နော်..။

အေးအေးချမ်းချမ်းပုံရိပ်လေးတွေနဲ့ ဘုရားဖူးရင်း ကုသိုလ်ယူခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း စံမြန်း ချစ်ပရိသတ်တွေသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။

“ရောက်တုန်းရောက်ခိုက် အပြေးလေး ဘုရားဖူး

ချစ်ရခင်ရသူအကုန်လုံးအတွက် ကုသိုလ်ယူ အလှူတွေလည်းလုပ်ခဲ့တယ် .... အမျှ ယူကြပါကုန်..” ဆိုပြီး ဘုရားဖူးကုသိုလ်ယူခဲ့တဲ့ အေးချမ်းကြည်နူးစရာ အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

ဒီကနေ့လေးမှာလည်း စံမြန်းလေးတစ်ယောက် အလွဲကြီးလွဲနေရတဲ့ လောကဓံကို ဘယ်လိုရင်ဆိုင်ကြုံတွေ့ရပြီး ကျော်ဖြတ်မလဲဆိုတာ “ကျွန်မက မဟေသီ” ဇာတ်ကားလေးကို စောင့်မျှော်ကြည့်ရှု့ရင်း အားပေးလိုက်ကြရအောင်နော်.. ။

Photo - ဝင့်ယမုံနိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။