Hailey Baldwin ဟာဆိုရင် Justin Bieber ရဲ့မိန်းမဖြစ်ပြီး အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ JB တို့ရဲ့သတင်းတွေဟာလဲ တော်တော်များများကိုတွေ့ရပါတယ်။ အသက် ၂၂နှစ်ရှိပြီဖြစ်တဲ့ Hailey ဟာဆိုရင် ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက သူရဲ့ခင်ပွန်းဖြစ်သူ JB နဲပအတူ ပန်းခြံကိုသွားခဲ့သလို ကမ်းခြေကိုလဲ သွားခဲ့ပြီး ပျော်ရွှင်စာအချိန်တွေကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ကိုရိုက်ထားတဲ့ပုံတွေကြည့်ချင်းအားဖြင့် ပျော်ရွှင်ခဲ့ကြမယ်လို့ ထင်ပါတယ်။ 

အဲ့နောက် ဗုဒ္ဓဟူးနေ့ညမှာတော့ နှစ်ယောက်အတူတူ ဘုရားကျောင်းကိုသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဆောင်ဟာဆိုရင်လဲ ယနေ့တိုင်ရွေ့ဆိုင်းထားခြင်းဖြစ်ပါတယ်။ သူမနဲ့ JB တို့ရဲ့ကိစ္စတွေနဲ့ပတ်သတ်ပြီး ဝေဖန်ပြောတဲ့ကိစ္စတွေနဲ့ပတ်သတ်ပြီးပြောပြခဲ့ပါတယ်။ " ကျွန်မက ဘာကွန့်မက်ကိုမှ မဖတ်ပါဘူး...ကျွန်မကဘာကိုဂရုစိုက်ရမှာလဲ....ကျွန်မဒီလူတွေကို မသိပါဘူး...ဒီလူတွေကလဲ ကျွန်မကိုမသိပါဘူး...ကျွန်မရဲ့ဘဝလဲမဟုတ်သလို ကျွန်မရဲ့ အချစ်ရေးကိုလဲ မသိပါဘူး...ဘာပဲဖြစ်ဖြစ် မသိကြပါဘူး " ဆိုပြီးပြောပြခဲ့ပါတယ်။ 

မော်ဒယ်တစ်ယောက်ဖြစ်သူ Kelia Moniz က Haiely ဟာသူမရဲ့ဖုန်းထဲက Social Media App တွေကိုဖျက်ထားပါတယ် ဆိုပြီးပြောပြခဲ့ပါတယ်။ " တစ်ခါတစ်လေမှာ ကျွန်မ Instagram ကိုရက်ပိုင်းလောက်ဖျက်ထားပါတယ်...ပြီးတော့အာ့က အရမ်းကိုကောင်းပါတယ်...ကျွန်မလူတွေပြောတာကို မထိန်းနိုင်ပါဘူး...ကျွန်မ ဂရုလဲမစိုက်ပါဘူး...လူတွေက နာမည်ကြီးတဲ့သူတွေကိုပဲ ပြောတက်ကြတာ " ဆိုပြီးပြောပြခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် မော်ဒယ်လှလှလေးနှစ်ယောက်ရိုက်ထားတဲ့ပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။  

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။