Brooklyn Beckham ဟာဆိုရင်တော့ ကမ္ဘာကျော်ဘောလုံးကစားသမားကြီး David Beckham နဲ့ Fashion လောကရဲ့အကျော်အမော်တစ်ယောက်ဖြစ်တဲ့ Victoria Beckham ရဲ့ အကြီးဆုံးသားပဲဖြစ်ပါတယ်။ ခုချိန်မှာသူဟာ အသက် ၂၀သာရှိသေးပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီတစ်ခိုင်ပဲဖြစ်ကာ အဖေတူသားတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ ကြာသပတေးနေ့က ကောင်မလေးဖြစ်သူ Hanna Cross နဲ့အတူ မြို့လည်ပြီးနောက် အိမ်ကိုအတူတူပြန်လာခဲ့ပါတယ်။ 

နှစ်ယောက်ဟာဆိုရင်လဲ တစ်ယောက်လက်ကိုတစ်ယောက်ကိုင်လို့ ချစ်ကြည်နူးစွာ စကားပြောရင်း ပျော်ရွှင်နေတာကိုတွေ့ရှိရပါတယ်။ Hanna ရဲ့အသက်ကတော့ ၂၁နှစ်ဖြစ်ကာ သူမဟာဆိုရင် မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ နှစ်ယောက်ဟာဆိုရင် တစ်ယောက်လက်ကိုတစ်ယောက် မဖြုတ်ပဲ လမ်းလျှောက်ခဲ့ကြတာဖြစ်ပြီး ပုံလေးတွေကို ကြည့်ချင်းအားဖြင့်လဲ အချစ်စစ်ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ 

Brooklyn Beckham ဟာဆိုရင်လဲ တစ်ချိန်တုန်းက Playboy model Lexi Wood နဲ့အတူ ဇာတ်လမ်းလေးတွေရှိခဲ့ပါသေးတယ်။ အဲ့အပြင် ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Rita Ora နဲ့လဲ ဇာတ်လမ်းတွေထွက်ခဲ့ကာ သူ့အမေကိုယ်တိုင် ဝင်ပြောခဲ့ရတဲ့ အချိန်တွေလဲရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ခုချိန်မှာတော့ သူဟာ Hanna Cross နဲ့အတူ အချစ်တစ်ခုကိုတည်ထောက်နေပြီဖြစ်ကာ ပရိသတ်ကြီးအတွက် နှစ်ယောက်ပုံတွေကို ပြန်လည်မျှဝေပေးလို်က်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။