မင်းသမီးချောလေး သက်မွန်မြင့်ကတော့ ရိုးသားဖြူစင်တဲ့ ချင်းတိုင်းရင်းသူလေးတစ်ဦးဖြစ်ပြီး ပရိသတ်တွေအပေါ်မှာ ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်သူလေးလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းပြီး ပရိသတ်တွေအပေါ်မှာလည်း ခင်ခင်မင်မင် ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံတတ်တာကြောင့် အားလုံးက ဝိုင်းချစ်နေရသူလေးလည်း ဖြစ်ပါတယ်။ သားတစ်ယောက် ၊ သမီးတစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ မေမေသက်မွန်မြင့်က အေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

ချစ်ခင်ပွန်းရဲ့ အစစ အရာရာ ဂရုစိုက်အလေးထားမှုကို ရရှိထားတဲ့ ချစ်သက်ရဲ့ အိမ်ထောင်သည်ဘဝလေးကတော့ အရမ်းကို ပျော်ရွှင်ချမ်းမြေ့စရာကောင်းလှပါတယ်။ ပကာသနတွေ မပါဘဲ တစ်ယောက်အပေါ် တစ်ယောက် လေးနက်စွာ ချစ်ကြတဲ့ သူတို့စုံတွဲလေးက ပရိသတ်တွေ အားကျရတဲ့စုံတွဲတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူတို့စုံတွဲလေးက ရိုက်ကူးရေးတစ်ခုအထွက် ကလေးတွေမပါဘဲ နှစ်ယောက်တည်း အပြင်ထွက်ခဲ့ကြပါတယ်။

"ခရီးသွားဟန်လဲ" ဆိုတဲ့ အစီအစဉ်လေးကို ရိုက်ကူးနေတဲ့ ချစ်သက်တို့ဇနီးမောင်နှံက ဒီနေ့မှာတော့ ပရိသတ်တွေကို ပျော်ရွှင်စရာ Suprise တစ်ခုလုပ်ပေးဖို့အတွက် Live လွှင့်ပြီး စကားပြောခဲ့ကြပါတယ်။ စကားတွေပြောရင်း တစ်ယောက်ကိုတစ်ယောက် စနောက်ကျီစယ်နေကြတဲ့ ချစ်သက်တို့စုံတွဲရဲ့ဗီဒီယိုလေးကတော့ အရမ်းကို ကြည်နူးစရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သက်မွန်မြင့်တို့ စုံတွဲရဲ့ ကြည်နူးစရာဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thet Mon Myint;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။