ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ ပြည်သူပရိသတ်တွေရဲ့ အသည်းတွေကို သိမ်းပိုက်ရရှိထားသူလေးပဲ ဖြစ်ပါတယ်နော်..။

သရုပ်ဆောင်ပီပြင်ကာ ချစ်စရာကောင်းလွန်းပြီး တုနှိုင်းမဲ့တဲ့ ပင်ကိုယ်အလှတရားတွေကြောင့်လည်း ယောကျၤားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေနဲ့ အချစ်တွေကို အခိုင်အမာရရှိထားသူလေးဆိုလည်း မမှားပါဘူး..။

ပရိသတ်တွေရဲ့ အသည်းကျော်လေး ရွှေကစ်ကတော့ ချစ်ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ မတ်လ(၂၁)ရက်နေ့က Sedona Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ " Oppo F11 Pro launching event " ပွဲလေးကို ကျော့ရှင်းပြီး စွဲမက်စရာအလှတရားတွေနဲ့ ညို့အားပြင်းစွာ တက်ရောက်ခဲ့ပါသေးတယ်..။

Oppo ရဲ့ အခမ်းအနားပွဲလေးမှာလည်း မြင်သူတကာငေးရတဲ့ စွဲမက်စရာကောက်ကြောင်း အလှတရားတွေနဲ့ ဝင့်ကြွားစွာလှရက်လွန်းနေတဲ့ ရွှေကစ်လေးကတော့ အခမ်းအနားပွဲကြား ပရိသတ်တွေကြား ထင်ရှားပေါ်လွင်လှပြီး အားလုံးရဲ့ အမြင်အာရုံတွေကို ဖမ်းစားသိမ်းပိုက်ထားတာလည်း တွေ့ရပါတယ်နော်..။

Oppiရဲ့ အခမ်းအနားပွဲလေးကိုတော့ အခြားအနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပြီး ရွှေကစ်လေးရဲ့ လှသွေးကြွယ်လွန်းရက်နေတဲ့ ညို့အားပြင်းအလှပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဝတ်မှုံရွှေရည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။