မြန်မာအသင်းပါဝင်ကစားနေတဲ့အာရှယူ၂၃ချန်ပီယံရှစ်ခြေစစ်ပွဲတွေကိုဒီနေ့မှာယှဉ်ပြိုင်ကစားခဲ့ပါတယ်။ညနေ၆နာရီကသုဝဏ္ဏကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့မြန်မာအသင်းနဲ့တီမောအသင်းတို့ပွဲစဉ်မှာတော့အိမ်ရှင်မြန်မာအသင်းက(၇-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။

မြန်မာအသင်းဟာအုပ်စုအဖွင့်ပွဲစဉ်ဖြစ်တာနဲ့အညီနိုင်ပွဲရအောင်ကြိုးစားခဲ့တာပါ။အုပ်စုတက်ဖို့ဆိုအဖွင့်ပွဲမှာဂိုးပြတ်အနိုင်ယူဖို့လိုနေတဲ့မြန်မာအသင်းဟာပွဲအစကတည်းကဖိအားပေးကစားခဲ့ပြီးအကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဒီနိုင်ပွဲကတော့မြန်မာအသင်းနည်းပြချုပ်ရဲ့ပထမဆုံးနိုင်ပွဲဖြစ်လာခဲ့ပါတယ်။ 

Source - MFF

မြန်မာအသင်းဟာအုပ်စုဒုတိယပွဲစဉ်အဖြစ်လာမယ့်၂၄ရက်နေ့မှာမကာအိုအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ခြေစစ်ပွဲအောင်ဖို့ဆိုရှေ့ပွဲတွေမှာနိုင်ပွဲလိုနေတဲ့မြန်မာအသင်းဟာမကာအိုနဲ့ပွဲမှာလည်းအနိုင်ရဖို့လိုအပ်နေတာပါ။မကာအိုအသင်းဟာအဖွင့်ပွဲမှာဂျပန်အသင်းကိုဂိုးပြတ်ရှုံးနိမ့်ထားတာကြောင့်မြန်မာအသင်းလည်းဂိုးပြတ်အနိုင်ယူဖို့လိုအပ်နေတာပါ။ခြေစစ်ပွဲအောင်ဖို့ကြိုးစားနေတဲ့မြန်မာအသင်းရဲ့တီမောနဲ့ပွဲစဉ်ကပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပြီးနောက်ပွဲတွေလည်းအားပေးကြပါဦးနော်။

Source - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။