အာဆင်နယ်အသင်းရဲ့သွင်းဂိုးတွေတိုင်းမှာပရိသတ်တွေစိတ်ဝင်စားနေကြတာပါ။အာဆင်နယ်အသင်းရဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အာရွန်ရမ်ဆေးဂိုးသွင်းပြီးတိုင်းကမ္ဘာကျော်တစ်ယောက်အမြဲသေဆုံးခဲ့ရတာပါ။ပြီးခဲ့တဲ့အပတ်အာဆင်နယ်အသင်းနဲ့စပါးအသင်းတို့ပွဲမှာရမ်ဆေးဂိုးသွင်းယူခဲ့ပြီးနောက်ပရိသတ်တွေစိတ်ဝင်စားနေကြတာပါ။

ပရိသတ်တွေထင်ထားသလိုဖြစ်လာမလားဆိုတာတွေးရင်းနဲ့ ကမ္ဘာကျော် ရော့ခ်အဆိုတော် ကိသ်ဖလင့်တ် ကွယ်လွန်ခဲ့ပါတယ်။ခုတစ်ခါမှာလည်းရမ်ဆေးကဒီလိုမှတ်တမ်းဆိုးကြီးကိုပိုင်ဆိုင်ခဲ့တာပါ။ ပရိသတ်တွေအပါအဝင်ရမ်ဆေးကလည်းစိတ်မကောင်းတွေဖြစ်နေကြတာပါ။ရမ်ဆေးဂိုးသွင်းပြီးနောက်မှာ သေဆုံးခဲ့ကြတဲ့ နာမည်ကျော်အရေအတွက် ၁၆ဦးအထိရှိပြီး ကိသ်ဖလင့်တ်က ၁၇ဦးမြောက်ပါ။

ရမ်ဆေးဂိုးသွင်းတိုင်းဒီလိုကမ္ဘာကျော်တစ်ယောက်သေဆုံးရတာဟာတိုက်ဆိုင်မှုတစ်ခုလား ဘယ်လိုလားလဲဆိုတာပရိသတ်တွေတွေဝေနေရတာဖြစ်ပါတယ်။ရမ်ဆေးဟာ ရာသီကုန်ရင် ဂျုဗင်တပ်အသင်းကိုပြောင်းရွှေ့တော့မှာဖြစ်လို့ စပါးနဲ့ပွဲဟာ သူ့ရဲ့အာဆင်နယ်ကစားသမားဘဝနောက်ဆုံးကစားခွင့်ရခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲလည်းဖြစ်ပါတယ်။ ဒီပွဲမှာ ရမ်ဆေးဟာ အာဆင်နယ်အတွက် အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် ဟယ်ရီကိန်းရဲ့ချေပဂိုးကိုပြန်လည်ခွင့်ပြုခဲ့ရလို့ တစ်ဂိုးစီသရေသာဖြစ်ခဲ့ပါတယ်။

SOURCE:Dailly Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။