ပရိတ်သတ်ကြီးရေ ပြည်သူချစ်မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ယခုချိန်ထိလည်း အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေပြီး သာယာပျော်ရွှင်ရတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပါတယ်။စိတ်ထားဖြူစင်ပြီး သဘောကောင်း မနောကောင်း မင်းသမီးလေးဖြစ်လို့ လူချစ်လူခင်ပေါပြီး ပရိတ်သတ်တွေအများအပြားရရှိထားတဲ့ အနုပညာရှင်ပါ။

အိန္ဒြာကျော်ဇင်က ဇာတ်ကားတိုင်းရဲ့ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်ပိုင်နိုင်တဲ့အိုင်တင်တွေနဲ့ သရုပ်ဆောင်တာကြောင့် သူမရဲ့ ဇာတ်ရုပ်တိုင်းဟာ သဘာဝကျလွန်းလှပါတယ်။ငယ်ကတည်းက လှလာတဲ့ သူမရဲ့အလှတရားတွေဟာဆိုရင်လည်း ယခုချိန်ထိ လည်ပြန်ငေးရလောက်အောင် လှပပျိုမျစ်နေတဲ့ ကလေးနှစ်ယောက်အမေ တစ်ယောက်ပါ။အိန္ဒြာကျော်ဇင်ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ရုပ်ရှင်ကားကြီးများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုတွေကိုလည်း ရရှိခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့ ပီပြင်ပိုင်နိုင်တဲ့ အိုင်တင်တွေကြောင့် ၂၀၀၄ ခုနှစ်မှာ ပထမဆုံးအကယ်ဒမီဆုကို မျက်နှာများတဲ့ကောင်းကင် ဇာတ်ကားနဲ့ရရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ၂၀၁၇ ခုနှစ်မှာ ရင်ဘက်ထဲကဓား ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့ပြန်ပါတယ်။အခုဆိုရင်တော့ ပရိတ်သတ်ကြီးအတွက် အူဝဲရဲ့ အကယ်ဒမီပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Eaindra Kyaw Zin Fans

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။