ချစ်စရာကောင်းတဲ့ ရုပ်ရှင်မင်းသမီးချောလေးဖြစ်တဲ့ စိုးပြည့်က အနုပညာလောကမှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို အကယ်ဒမီဆုတွေကိုလည်း ပိုင်ဆိုင်ရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာမျိုးရိုးရှိတဲ့ စိုးပြည့်လေးက ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ရတဲ့ မင်းသမီးလေးဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အကောင်းဆုံး ကြိုးစားရိုက်ကူးလျက်ရှိပြီး ဒီနေ့ မှာကျင်းပမဲ့ အကယ်ဒမီ ပွဲတက်တဲ့ ဒီဇိုင်းလေးကလည်း အရမ်းကို ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ 

ဒီနေ့ ပွဲတက်တဲ့ အဝတ်အစားအတွက် ချိတ်ဒီဇိုင်းလေးကိုတော့ စိုးပြည့်တို့ ညီအမ လေးယောက်ပိုင်ဆိုင်ထားတဲ့ မင်းသမီး ပိုးထည်တိုက်မှ ဆင်းမြန်းထားတာ ဖြစ်ပြီး လက်ဝတ်ရတနာကတော့ ဇွဲထက်က ဆင်းမြန်းထားတာဖြစ်ပါတယ်။ ဖိနပ်ကတော့ Lily , ဖြစ်ပါတယ် တစ်ကယ်ကို ပြီးပြည့်စုံတဲ့ အလှတစ်စုံကိုပိုင်ဆိုင်ထားတဲ့ စိုးပြည့်က စိတ်ထားကောင်းပြီး ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာပါ။

စိုးပြည့်ကတော့ ဒီနေ့မှာ ဘယ်သူပဲရရ ပျော်နေမှာပါလို့လည်း ပြောထားပါတယ်။ အနုပညာမောင်နှမတွေ ဖြစ်တဲ့အတွက် ဘယ်သူပဲရရ ပျော်နေမှာပါ ။အကယ်ဒမီ ပွဲတက်တိုင်းပျော်လည်းပျော်ပါတယ် တန်းဖိုးလည်း ထားပါတယ်။ ကိုယ်ရစေချင်တဲ့ သူတွေ ရရင်လည်း ပိုပျော်မှာပေါ့လို့ ပြောထားပြီး အကယ်ဒမီ ကို ပရိသတ်အကြိုက်လည်း ထပ်တူကြဖို့ မျော်လင့်ပါတယ်လို့လည်း ပြောကြားသွားပါတယ်။ ကဲ ဒီနေ့ အကယ်ဒမီ ပွဲမှာ စိုးပြည့်ပြောသလို အကယ်ဒမီရတဲ့ သူတွေ ဟာ ပရိသတ်နဲ့ ထပ်တူကျကြ ပါစေလို့ myanmarload မှ ဆုမွန်တောင်းလိုက်ရပါတယ်ရှင့် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။