ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာအလုပ်တွေကို တစ်စိုက်မက်မက် ကြိုးစားနေရင်း နှစ်ကိုယ်တူ ချစ်ခြင်းမေတ္တာမျှပြီး နှစ်ယောက်တစ်ဘဝလေးကို တည်ထောင်လိုက်ကြပါတယ်။သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးလေးက နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေ အပြည့်ရှိလို့ ဝေဖန်ပြောဆိုနေတဲ့ ပရိတ်သတ်တွေရှိတာတောင် မပြိုလဲသွားပါဘူးနော်။ရွှေထူးကလည်း ရွှေမှုံကို အစစအရာအရာ ဂရုစိုက်သလို ရွှေမှုံကလည်း ခင်ပွန်းဖြစ်သူအတွက် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတာဖြစ်ပါတယ်။

ရွှေမှုံနဲ့ရွှေထူးက အခုဆိုရင် အနုပညာအလုပ်တွေကို ပြန်လည်ကြိုးစားလုပ်ကိုင်နေပြီး ပရိတ်သတ်ရဲ့ အချစ်ကိုပြန်လည်ရယူနေတာပဲဖြစ်ပါတယ်။ရွှေထူးကသီချင်းအသစ်တွေကိုဖန်တီးနေသလို ရွှေမှုံကလည်း ဇာတ်ကားကြီးတွေကို ပြန်လည်လက်ခံရိုက်ကူးနေပြီဖြစ်ပါတယ်။ဇနီးမောင်နှံနှစ်ယောက်က တိုင်တိုင်ပင်ပင်နဲ့ဖြတ်သန်းကြလို့ သူတို့ရဲ့ အိမ်ထောင်ရေးလေးက သာယာစိုပြေနေပါတယ်။ဇနီးမောင်နှံနှစ်ယောက်က အားလပ်ရက်တွေမှာလည်း စိတ်အပန်းဖြေတဲ့အနေနဲ့ ခရီးတွေလည်း ထွက်ပါသေးတယ်နော်။ 

ရွှေထူးက လက်တလောမှာ City FM ကပေးတဲ့ဆုကို ပိုင်ဆိုင်ရရှိထားလို့ သူတို့ဇနီးမောင်နှံအတွက် ကံကောင်းမှု့တွေအစချီတဲ့ နှစ်လေးတစ်နှစ်ဖြစ်တဲ့အတွက် သူတို့ဇနီးမောင်နှံကတော့ ပျော်မဆုံးမော်မဆုံးပါပဲနော်။အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြသလို အခုဆိုရင်လည်း တစ်နှစ်တစ်ခါကျင်းပတဲ့ အကယ်ဒမီပေးပွဲကြီးကို ဇနီးမောင်နှံနှစ်ယောက် တက်ရောက်လာကြတာကို ရွှေမှုံလေးက Live လွှင့်ပြီး မျှဝေခဲ့ပါတယ်နော်။

Source:Shwe Mhone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။