စံရတီမိုးမြင့်ဆိုတာနဲ့ ချစ်စရာကောင်းလောက်အောင်လှနေတဲ့မင်းသမီးချောလေးကိုပြေးမြင်မိကြမှာပါ။အနုပညာလောကမှာလည်းပရိသတ်တွေသာမကအနုပညာရှင်မောင်နှမတွေကချစ်နေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူကတော့ချစ်စရာကောင်းရုံသာမကစိတ်ထားလေးကပါဖြူစင်တာကြောင့်ပရိသတ်တွေအချစ်အပြည့်နဲ့အောင်မြင်နေတာဖြစ်ပါတယ်။ 

သူကတော့လတ်တလောမှာအနုပညာအလုပ်တွေနဲ့ခဏဝေးကွာနေပေမယ့်လည်းပရိသတ်တွေကအမြဲသတိရပြီးချစ်နေတုန်းပါပဲ။ကြော်ငြာဓာတ်ပုံလေးတွေကိုအများဆုံးရိုက်ကူးနေရပြီးပုံရိပ်တိုင်းကလည်းမကြည့်ပဲမနေနိုင်လောက်အောင်ကိုအလှတွေပိုနေတာဖြစ်ပါတယ်။ယောက်ျားလေးပရိသတ်တွေသာမကမိန်းကလေးပရိသတ်တွေကပါသူ့ရဲ့လှုပ်ရှားမှုတိုင်းကိုချစ်နေရတာပါ။ 

သူမကတော့ ဒီနေ့မှာတော့ ၂၀၁၈ ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို လိမ္မော်ရောင်ပွဲတက်ဝတ်စုံလေးဆင်မြန်းကာတက်ရောက်လာတာပဲ ဖြစ်ပါတယ်။ ဒီဝတ်စုံလေးနဲ့သူမဟာ အရမ်းကိုလိုက်ဖက်ပြီးကြည့်ကောင်းနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ယဉ်ယဉ်လေးနဲ့လှနေတဲ့ စံရတီမိုးမြင့်ရဲ့ပွဲတက်ပုံရိပ်လေးများကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - San Yati Moe Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။