လက်ရှိမှာ စတင်ကျင်းပပြုလုပ်နေပြီဖြစ်တဲ့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲကြီးကိုတော့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေက ဖက်ရှင်တစ်မျိုးစီနဲ့ တက်ရောက်လာကြပြီ ဖြစ်ပါတယ်။ အနုပညာရှင်တွေထဲမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသားလေး နေတိုးကလည်း ပွဲတက်ဖို့ အဆင်သင့်ဖြစ်နေတာ တွေ့ရပါတယ်။ ဒီနှစ်အကယ်ဒမီပေးပွဲကိုတော့ နေတိုးက အနက်ရောင်ဖက်ရှင်နဲ့ တက်ရောက်မှာ ဖြစ်ပါတယ်။

နေတိုးကတော့ ယခုနှစ်ရဲ့ အမျိုးသားဇာတ်ဆောင်ဆုအတွက် အားလုံးရဲ့ထင်ကြေးပေးခြင်းခံနေရသူလည်း ဖြစ်ပါတယ်။ နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကလည်း အကယ်ဒမီဆန်ကာတင် စာရင်းမှာ ပါဝင်ပြီး ''မုန်းစွဲ'' ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆု ရနိုင်မယ်လို့ အားလုံးက ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။ ပျော်ရွှင်ကြည်နူးနေတဲ့ အပြုံးမျက်နှာလေးနဲ့ ပုံရိပ်တွေကိုလည်း နေတိုးက ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။

ဒီနှစ်မှာတော့ နေတိုးက အနက်ရောင်ဖက်ရှင်လေးကို ဝတ်ဆင်ပြီး အရမ်းကို တည်ငြိမ်ခန့်ညားနေတာ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့သားတွေနဲ့အတူ အကယ်ဒမီပေးပွဲတက်ရောက်မယ့် နေတိုးက ''ခဏနေ တွေ့မယ်နော် ထာဝရပါ '' ဆိုပြီး နှုတ်ခွန်းဆက်သထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော နေတိုးရဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nay Toe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။