ပရိသတ်တွေရဲ့ အချစ်ကေို အခိုင်အမာသိမ်းပိုက်ရရှိထားတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ MRTV-4 ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့တဲ့ မင်းသမီးလေးကတော့ မင်းသမီးချောမေမြင့်မိုရ်ပါပဲနော်..။

မေလေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေးသူမကတော့ ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ချစ်စရာကောင်းလွန်းပြီး အေးချမ်းတဲ့အလှတရားတွေနဲ့လည်း ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားသူလေးပဲ ဖြစ်ပါတယ်..။

အားလုံးရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ မင်းသမီးတစ်ဦးဖြစ်တာမို့ ပရိသတ်တွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်မှုတွေကို အများဆုံးရရှိထားတဲ့ မေလေးကတော့ ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ဖြူစင်တဲ့ အပြုံးချိုချိုလေးတွေကလည်း ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ မင်းသမီးချောလေး သူမကတော့ ဒီကနေ့မှာ ကျင်းပပြုလုပ်တဲ့ (၂၀၁၈)ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲလေးကိုလည်း တက်ရောက်လာခဲ့ပါတယ်နော်..။

ကျက်သရေအပေါင်းနဲ့ ပြည့်စုံလွန်းပြီး အေးချမ်းတဲ့အလှတရားတွေနဲ့ အကယ်ဒမီပွဲကိုတတ်လာခဲ့တဲ့ မေးလေးရဲ့ ပုံရိပ်လေေးတွကတော့ မြင်သူတကာငေးရလောက်အောင် ကျော့ရှင်းလှပမှုတွေနဲ့ အားလုံးရဲ့ အမြင်အာရုံတွေကို ဖမ်းစားထားနိုင်တာလည်း တွေ့ရပါတယ်နော်..။

ချစ်စရာကောင်းလွန်းနေတဲ့ မေလေးရဲ့ အကယ်ဒမီပွဲတက်ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - မေမြင့်မိုရ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။