ဇာတ်ပို့ဆုအတွက် ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ မအေးသောင်းတစ်ယောက် အကယ်ဒမီပွဲမှာဝတ်ဆင်မယ့် သူမရဲ့ ဝတ်စုံနဲ့ လက်ဝတ် လက်စားတွေကို Video မှတ်တမ်းလေးနဲ့ ပရိသတ်တွေကို ချပြလိုက်တာပဲဖြစ်ပါတယ်။ ရိုးရိုးလေးနဲ့ယဉ်ယဉ်လေးလှ သွေးကြွယ်နေတဲ့ မအေးသောင်းအတွက် " ဇွဲထက် " ရတနာရွှေဆိုင်က ဆင်မြန်းပေးတဲ့ လက်ဝတ်လက်စားတွေက တကယ့်ကိုအံ့မခန်းပါပဲ။ အလှတွင်အယှဉ်ဆင့် ဆိုသလို မအေးသောင်းတစ်ယောက် ဆင်မြန်းပြီးတာနဲ့ အပြတ်အသတ်ကို လှနေတော့မှာ အသေအချာပါပဲ။

ဒီနှစ်မှာတော့ သူမကို " မုန်းစွဲ " ဇာတ်ကားနဲ့ ဇာတ်ပို့ဆုရရှိမယ်လို့ အားလုံးက ထင်ကြေး ပေးနေကြတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းလွန်း တဲ့ " မကြာဥ " လေးက ခင်ပွန်းကို သိပ်ချစ်ပြီး စိတ်မချနိုင်ဖြစ်လွန်းတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်ထဲကမေတ္တာကို အပြည့်အဝဖော်ကျူးနိုင်ခဲ့ တာမို့ ပရိသတ်တွေပေးခဲ့တဲ့ ရင်ထဲက အကယ်ဒမီကို ရရှိပိုင်ဆိုင် ပြီးသားပါပဲ။

သူမရဲ့အကယ်ဒမီပွဲတက် Video မှတ်တမ်းကို " ကျုပ်ကတော့ ဘယ်သူရရ ပျော်တယ်တော့် " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ မကြာဥလေးကို အကယ်ဒမီစင်မြင့်ထက်မှာ ရွှေစင် ရုပ်ထုပိုက်ထားတဲ့ ပုံရိပ်လေးကို အားလုံးကမျှော်လင့်နေကြတာပဲဖြစ်ပါတယ်။ အပျိုကြီးမမ တစ်ယောက် အနုပညာလောကကို တကျော့ပြန်ဝင်ရောက်လာတဲ့ ခြေလှမ်းတွေဟာ အကယ်ဒမီရုပ်ထုကြီးပိုက်ဖို့ ဖြစ်နေမလားဆိုတာတော့ အားလုံးက စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။

Video - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။