ရွှေချင်းထပ်ရင်မြတ်တယ်ဆိုတဲ့ စကားလေးနဲ့ ပရိသတ်တွေဝိုင်းဝန်းထောပနာပြုခဲ့ကြတဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့နှစ်ယောက်သား အဖြူရောင်ဆင်တူ ဖက်ရှင်လေးနဲ့ အကယ်ဒမီ ပွဲကိုတက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ နှစ်ယောက်သား ချစ်ခင်စုံမက်ပြီး သိပ်မကြာခင် ကာလလေးမှာပဲ ရွှေလက်တွဲခဲ့ကြတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း တစ်ယောက် ကိုတစ်ယောက် သိပ်ချစ်ပြီး အရမ်းကို ro နေကြတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကြား မှာ အတော်လေးရေပန်းစားနေဆဲပါပဲ။

မင်္ဂလာသက်တမ်းဟာ လေးလကျော်လာပြီဖြစ်ပြီး သဲသဲလှုပ်သိပ်ချစ်တဲ့ ကာလလေးပါပဲ။ ချစ်စရာကောင်းတဲ့ အချေစိန်လေး ရွှေမှုံတစ်ယောက် ခင်ပွန်းဖြစ်သူရဲ့ လက်ကိုတွဲပြီး ပီတိအပြုံးတွေနဲ့ အကယ်ဒမီပွဲကိုတက်ရောက်ဖို့အဆင်သင့်ဖြစ်နေပြီပဲဖြစ်ပါတယ်။ ချစ်စရာ ကောင်းတဲ့ နှစ်ယောက်သားရဲ့ ရင်ခုန်ဖွယ်အပြုံးလေးနဲ့ ကြည်နူးမှုပုံရိပ်တွေကို ပရိသတ်တွေ ကလည်း အတော်လေးသဘောကျနေကြပါတယ်။

ဖြူဖြူစင်စင် ချစ်ခြင်းမေတ္တာတွေကို ဖော်ကျူးတဲ့အနေနဲ့ နှစ်ယောက်သားက အဖြူရောင် ဖက်ရှင်ဝမ်းဆက်ကို ဝတ်ဆင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီပွဲလေးမှာ ချစ်ဇနီးလေး ရွှေမှုံရဲ့ အောင်မြင်မှုကို ထပ်တူခံစားပေးပြီး နှစ်ယောက်အတူ ကြည်နူးပျော်ရွှင်မှုတွေ ဖလှယ် နိုင်မလားဆိုတာကို ရွှေစုံတွဲနဲ့အတူ အားလုံးကလည်း ရင်ခုန်နေကြပါတယ်။

Photo - Designer Kaung Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။