ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့သူလေး ဖြစ်ပါတယ်။ ဆိုင်းမိုင်လို့ အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ မင်းသမီးလေး ပိုးကြာဖြူခင်က ဖြူစင်တဲ့ အပြုံးလှလှလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ကို အေးမြစေသူလေးလည်း ဖြစ်ပါတယ်။လတ်တလောမှာတော့ ပိုးက ဇာတ်လမ်းတွဲအသစ်လေးတွေနဲ့ ကြော်ငြာလေးတွေ လက်ခံရိုက်ကူးနေရပါတယ်။

ဒီနေ့မှာ ကျင်းပပြုလုပ်နေတဲ့ အကယ်ဒမီဆုပေးပွဲကြီးကိုတော့ ပိုးက ငွေရောင်ဖက်ရှင်လေးနဲ့ ထူးထူးခြားခြား တက်ရောက်လာခဲ့ပါတယ်။အများနဲ့မတူတဲ့ ဖက်ရှင်အလန်းစားလေးနဲ့ ပွဲတက်လာတဲ့ ပိုးရဲ့အလှကတော့ အားလုံးကို မှင်သက်ငေးမောစေခဲ့ပါတယ်။ ပိုးရဲ့အကယ်ဒမီပွဲတက်ဖက်ရှင်ကတော့ ငွေရောင်လွှမ်းခြုံထားပြီး အရမ်းကို ခမ်းနားထည်ဝါနေတာ ဖြစ်ပါတယ်။

ငွေရောင်မင်းသမီးလေးအဖြစ် အလှသရဖူဆောင်းပြီး တည်ငြိမ်လှပနေတဲ့ ပိုးရဲအလှပုံရိပ်တွေကိုတော့ ပရိသတ်တွေက ချစ်မဝဖြစ်နေရပါတယ်။ ပိုးက သူမရဲ့ပွဲတက်ပုံရိပ်လေးတွေကိုတော့ '' ဒီနှစ် အကယ်ဒမီ ငွေရောင်မင်းသမီးလေးပေါ့ '' ဆိုပြီး တင်ပေးထားတာ ဖြစ်ပါတယ်၊၊ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပိုးကြာဖြူခင်ရဲ့ အကယ်ဒမီပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Poe Kyar Phyu Khin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။