ပါးထောင့်လေးမှာ မှဲ့လေးတစ်လုံးနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်လွန်းတဲ့ ဇာတ်ပို့သရုပ် ဆောင် ပွင့်နဒီမောင်တစ်ယောက် အကယ်ဒမီပွဲကို တက်ရောက်လာတဲ့ သူမရဲ့ အစိမ်းရောင် ဝတ်စုံဖက်ရှင်ဆန်းလေးကို ပရိသတ်တွေဆီအရောက်ပို့ပေးလိုက်ပါပြီ။ မြန်မာဝတ်စုံလေးကို ထမီအတို လေးနဲ့ တစ်မျိုးဆန်းသစ်ထားကာ သူမနဲ့အရမ်းကိုလိုက်ဖက်လွန်းနေပါတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေလုပ်တာ နည်းပါးသွားပြီး ပရိသတ်တွေ ရှေ့ကို " နေရယ် လရယ် အမှန်တရားရယ် " ဇာတ်ကားနဲ့ ပြန်လည်ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ယခင်က ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ်နဲ့ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ခဲ့သူတစ်ယောက် လည်းဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့သက်တမ်းဟာ လည်း အတော်ကြာခဲ့ပြီဖြစ်ပြီး ချစ်ခင်အားပေးတဲ့ ပရိသတ်တွေနဲ့အတူ သူမရဲ့သာယာပျော် ရွှင်ဖွယ်ဘဝလေးက တကယ်ကိုအားကျချင်စရာပါပဲ။ အိမ်ထောင်ပြုထားပေမယ့်လည်း လက်ရှိအချိန်ထိ သားသမီးရတနာမထွန်းကားသေးပါဘူး။ ဘေဘီလေးတွေ ဘယ်တော့ ရောက်လာမယ်ဆိုတာကို ပရိသတ်ကြီးကလည်း မျှော်လင့်နေပါတယ်နော်။

သူမရဲ့ရင်ခုန်ချင်စရာ အကယ်ဒမီပွဲတက်ပုံရိပ်လေးတွေကို " ဒီနှစ် ကိုယ့် fashion " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အိမ်ထောင်ရှင်ဖြစ်ပေမယ့် အပျိုတွေရှုံးရလောက်အောင် လှသွေးကြွယ်ပြီး အရမ်းတွေ ကျက်သရှေိရှိ လှပနေတဲ့ သရုပ်ဆောင် ပွင့်နဒီမောင်ရဲ့ အကယ်ဒမီ ပွဲတက်ပုံရိပ်တွေ ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Pwint Nadi Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။