နာမည်ကျော် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ဒီနှစ်အကယ်ဒမီပေးပွဲကို မြန်မာဆန်ဆန် ဖက်ရှင်လေးနဲ့ တက်ရောက်လာခဲ့ပါတယ်။ အရင်နှစ်တွေနဲ့မတူတဲ့ ရိုးရိုးရှင်းရှင်း ဖက်ရှင်လေးနဲ့ အမြင်ဆန်းနေတဲ့ ကစ်ကတော့ တည်ငြိမ်ရင့်ကျက်တဲ့ အသွင်ကို ဆောင်နေတာ တွေ့ရပါတယ်။ ဖက်ရှင်အလှဘုရင်မလို့ တင်စားထားရတဲ့ ကစ်ရဲ့အလှကတော့ ဒီနှစ်မှာလည်း အများနဲ့မတူ ထူးထူးခြားခြား ဖြစ်နေခဲ့ပါတယ်။

ပရိသတ်တွေကလည်း နှစ်စဉ်နှစ်တိုင်း ကစ်ရဲ့ဖက်ရှင်တွေကို စိတ်ဝင်တစား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။လိမ္မော်ရောင် ဝတ်စုံလေးနဲ့ ပွဲတက်လာတဲ့ ကစ်က ရိုးရှင်းတဲ့ မြန်မာရင်ဖုံး၊ထဘီတို့အပြင် ဆံပင်အထုံးအဖွဲ့ကအစ မြန်မာဆန်နေတာ တွေ့ရပါတယ်။ ခေတ်ဆန်တဲ့ဖက်ရှင်တွေထဲက ကွဲထွက်ပြီး မြန်မာအမျိုးသမီးတစ်ဦးရဲ့ ကျက်သရေရှိတဲ့ ဝတ်စားဆင်ယင်မှုကို ပြသထားတဲ့ ကစ်ရဲ့အလှကတော့ အားလုံးထဲမှာ ပေါ်လွင်နေတာ ဖြစ်ပါတယ်။

တည်ငြိမ်ရင့်ကျက်တဲ့အလှနဲ့ ထူးထူးခြားခြား လှသွေးကြွယ်နေတဲ့ ကစ်ကတော့ တန်ဖိုးကြီး လက်ဝတ်ရတနာတွေကို ခန္ဓာကိုယ်ထက်မှာ အလှဆင်ထားတာ တွေ့ရပါတယ်။ အပြုံးကအစ ရင့်ကျက်နေတဲ့ ကစ်ကတော့ ဒီနှစ်အကယ်ဒမီပေးပွဲမှာ ပရိသတ်တွေရဲ့ အချစ်ကို ထပ်မံရရှိခဲ့ပြန်ပြီ ဖြစ်ပါတယ်၊၊ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ အကယ်ဒမီ ပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: We Love Wutt Hmone Shwe Yi;

Photo Credit; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။