သန္တာဗိုလ်က သရုပ်ဆောင်မော်ဒယ် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အကယ်ဒမီ မင်းသမီး ချောရတနာရဲ့ တစ်ဦးတည်းသော ညီမလေးပဲဖြစ်ပါတယ်။အမဖြစ်သူရဲ့ အနုပညာအမွေကို ဆက်ခံထားသူမို့ သန္တာဗိုလ်ကလည်း ချောရတနာနဲ့ ရုပ်ချင်းဆင်တဲ့ အပြင် အနုပညာကလည်း အမခြေရာအတိုင်း နင်းနိုင်ပါတယ်နော်။ 

သန္တာဗိုလ်က ဇာတ်ကားတွေရိုက်ပြီး show ပွဲတွေကို လက်ခံပြီး အနုပညာအလုပ်ကို ပရိတ်သတ်အတွက် ကြိုးစားနေသူတစ်ဦးပါ။မော်ဒယ်သရုပ်ဆောင် ကောင်းပြည့်နဲ့လည်း မေတ္တာမျှနေကြပြီး ပျော်ရွှင်ရတဲ့ relationship တစ်ခုကို တည်ဆောက်နေကြပါတယ်။ကောင်းပြည့်နဲ့ သန္တာဗိုလ်က တွဲတာကြာပြီ ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု့တွေ အပြည့်နဲ့ ရှေ့ဆက်နေကြတာလည်း ဖြစ်ပါတယ်။ 

သန္တာဗိုလ်က အမဖြစ်သူရဲ့ ခြေရာကို တစ်ထပ်တည်းနင်းနိုင်သူဖြစ်လို့ သူမရဲ့ သရုပ်ဆောင်ချက်တွေကလည်း ပီပြင်လွန်းလှပါတယ်။သန္တာဗိုလ်က အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်နေသူဖြစ်လို့ သူမကိုအားပေးတဲ့ ပရိတ်သတ်ကြီးကလည်း အခိုင်အမာရှိပါတယ်နော်။အခုဆိုရင်တော့ မင်းသမီးချောလေးသန္တာဗိုလ်က နှစ်စဉ်နှစ်တိုင်း စဉ်ဆက်မပြတ်ကျင်းပလာနဲ့ အကယ်ဒမီပေးပွဲ ကြီးကို ရွှေရောင်လွှမ်းတဲ့ အလှတွေနဲ့ စမတ်ကျစွာ တက်ရောက်လာတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။