ယနေ့ကျင်းပပြုလုပ်နေတဲ့ အကယ်ဒမီပေးပွဲကြီးကတော့ ၁ နှစ်မှာ ၁ ခါသာ ကျင်းပပြုလုပ်တဲ့ပွဲကြီးတစ်ပွဲဖြစ်သလို မြန်မာ့ရုပ်ရှင်လောကသားတွေအတွက်လည်း အရမ်းအရေးပါလှတဲ့ ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်။

ဒီအကယ်ပေးပွဲကြီးဟာ ရုပ်ရှင်လောကသားတွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ( အကယ်ဒမီဆု) ကြီးကို ရွေးချယ်ချီးမြှင့်ပေးတဲ့ ပွဲကြီးတစ်ပွဲဖြစ်တာနဲ့အညီ အနုပညာရှင်တွေသာမက ပရိသတ်တွေကိုပါ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ များစွာပေးစွမ်းနိုင်တဲ့ ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်။

ယနေ့အကယ်ဒမီပေးပွဲအခမ်းအနားကြီးမှာတော့ မနှစ်ကမှ စတင်ပါဝင်လာတဲ့ ရုပ်ရှင်တသက်တာဆုကို အန်တီမြင့်မြင့်ခင် ကဆွတ်ခူးရရှိခဲ့ပါတယ်။

ဒီဆုကြီးကတော့ အနုပညာရှင်အားလုံးက တလေးတစားနဲ့ ရွေးချယ်ပြီး ပေးအပ်တဲ့ ဆုကြီးတခုဖြစ်တာကြောင့် ရရှိခဲ့သူအနေနဲ့လည်း အင်မတန်မှ ပီတီဖြစ်ရလိမ့်မယ်လို့ထင်ပါတယ်။

ဒီဆုကြီးကို ရရှိခဲ့တဲ့ အန်တီမြင့်မြင့်ခင်ဟာဆိုရင်လည်း ရှေးနှစ်ပေါင်းများစွာထဲကကို အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး သူမသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေထဲမှာလည်း ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်တာကြောင့် အကယ်ဒမီဆုတွေကိုလည်း ရရှိပိုင်ဆိုင်ခဲ့သူတဦးပဲဖြစ်ပါတယ် ။

ဒီကနေ့မှာဆိုရင်လည်း ရုပ်ရှင်တသက်တာဆုဆိုတဲ့ အကယ်ဒမီဆုကြီးကို ထပ်မံရရှိခဲ့ပြီဖြစ်တာကြောင့် ပရိသတ်တွေလည်း ဝါရင့်သရုပ်ဆောင်ကြီး အန်တီမြင့်မြင့်ခင်အတွက် ဂုဏ်ယူဝမ်းမြောက်စကားလေးတွေ ပြောကြားပေးခဲ့ကြဦးနော်။

PHOTO CREDIT - CHANNEL 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။