ဒီကနေ့မှာကျင်းပပြုပ်နေတဲ့ အကယ်ဒမီပေးပွဲကြီးကတော့ အနုပညာရှင်တွေအတွက်အရမ်းအရေးပါလှတဲ့ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်။ တစ်နှစ်မှာတစ်ခါသာကျင်းပပြုလုပ်တဲ့ ထိုပွဲကြီးကတော့ မြန်မာ့ရုပ်ရှင်လောကသားတွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုတံဆိပ်ကြီးကို ချီးမြှင့်ပေးတဲ့ပွဲကြီးဖြစ်တာကြောင့် အနုပညာရှင်တွေကိုသာမက အားပေးသူပရိတ်သတ်တွေကိုပါ အင်မတန်စိတ်လှုပ်ရှားစေတဲ့ပွဲကြီးတစ်ပွဲပဲ ဖြစ်ပါတယ်။

ယနေ့ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီဆုပေးပွဲကြီးမှာဆိုရင်လည်း ပရိသတ်တွေ ရင်ခုန်စွာနဲ့စောင့်မျှော်နေတဲ့ ဆုကြီးကိုတော့ ရုပ်ရှင်ဓာတ်ပုံဆုကိုတော့ ဝင်းလွင်ထက် ကဆွတ်ခူးရရှိခဲ့ပါတယ်။

၄င်ဆုကြီးကိုတော့ ဝင်းလွင်ထက် ဟာ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်ကားကြီးထဲက ဝင်းလွင်ထက် ရဲ့ ဓာတ်ပုံဖန်တီးရိုက်ကူးထားမှုတွေကလည်း သဘာဝကျလှသလို ရိုက်ကူးထားတဲ့ ရုပ်ရှင်နဲ့လည်း အင်မတန်မှလိုက်ဖက်ညီခဲ့တာပဲဖြစ်ပါတယ်။

မိမိချစ်ခင်နှစ်သက်တဲ့ အနုပညာအလုပ်အပေါ်မှာ စေတနာထားကာ ကြိုးစားပြီးလုပ်ကိုင်ခဲ့တဲ့ အတွက်ကတော့ သူ့ရဲ့ကြိုးစားမှုတွေ အရာထင်ပြီး အကယ်ဒမီဆုကြီးကို ရရှိပိုင်ဆိုင်ခဲ့ရပြီဖြစ်တဲ့အတွက် အရမ်းကိုပဲ ပျော်ရွှင်နေမယ်လို့ထင်ပါတယ်။

Myanmarload Media အနေနဲ့လည်း အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုကို ဆွတ်ခူးရရှိခဲ့တဲ့ ဝင်းလွင်ထက် ကို နောက်ထပ် လည်း ဒီထက်ပိုကောင်းတဲ့ အနုပညာတွေကို အကောင်းဆုံးဖန်တီးနိုင်ပြီး အကယ်ဒမီဆုကြီးတွေ ထပ်မံဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

PHOTO CREDIT - CHANNEL 7 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။