ဒီကနေ့မှာဆိုရင်တော့ အနုပညာရှင်တွေနဲ့အတူ ပရိသတ်တွေ ရင်ခုန်စွာနဲ့ စောင့်မျှော်ခဲ့ရတဲ့ အကယ်ပေးပွဲကြီးဟာ ကျင်းပပြုလုပ်ခဲ့ပြီ ပဲဖြစ်ပါ တယ်။ ဒီအကယ်ဒမီပေးပွဲကြီးကိုတော့ ဖိတ်ကြားခံရတဲ့ အနုပညာရှင်တွေများစွာဟာ အရောင်တလက်လက်ထနေတဲ့ ဖက်ရှင်တွေကို ၀တ်ဆင် ကာ တက်ရောက်လာခဲ့တာတွေ့ရသလို အားလုံးရဲ့ရင်ထဲမှာလည်း ရင်ခုန်စိတ် လှုပ်ရှားမှုတွေများစွာ ဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ဒီအကယ်ဒမီပေးပွဲကြီးဟာ မြန်မာ့ရုပ်ရှင်လောကသားတွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုကြီးကို ရွေးချယ်ချီးမြှင့် ပေးတဲ့ပွဲကြီးတစ်ပွဲ ဖြစ်တာကြောင့် တစ်နိုင်ငံလုံးကရုပ်ရှင်ချစ် ပရိသတ်တွေလည်း ကိုယ်အား ပေးတဲ့အနုပညာရှင်က အကယ်ဒမီဆုကြီးရရှိသွားမလားဆိုပြီး ရင်ခုန်ုနေကြတာပဲဖြစ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးမှာတော့ ရုပ်ရှင်နောက်ခံတေးဂီတဆုကို Dimensions (မျက်နှာပြင်များ) ဇာတ်ကားနဲ့ ရှလုံးအမ်ရောနမ်(ကချင်) က ဆွတ်ခူးနိုင်ခဲ့ တာပဲဖြစ်ပါတယ်။ ဒီဆုဟာ ကချင်တိုင်းရင်းသားလေး ရှလုံးအမ်ရောနမ်အတွက် ပထမဆုံး ရရှိခဲ့တဲ့ ထူးချွန်ဆုလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် ရှလုံးအမ်ရောနမ်ရဲ့ အလုပ် အပေါ်မှာ သေချာပီပြင်ပိုင် နိုင်စွာ လုပ်ကိုင်ခဲ့တာမို့ ဇာတ်ကားတစ်ကားလုံးကို လာရောက် ကြည့်ရှုသူ ပရိသတ်တွေအနေနဲ့ စိတ်ကျေနပ်မှုရရှိခဲ့တာပဲဖြစ်ပါတယ်။

အကောင်းဆုံး ရုပ်ရှင်နောက်ခံတေးဂီတဆုကို မျက်နှာပြင်များဇာတ်ကားနဲ့ ရရှိပိုင်ဆိုင် ခဲ့တဲ့ ရှလုံးအမ်ရောနမ်က ပွဲကိုမတက်ရောက်လာနို င်တဲ့အတွက် ဒါရိုက်တာ ဉာဏ်ထင်က ကိုယ်စားတက်ရောက်ဆုယူပေးခဲ့တဲဖြစ်ပါတယ်။ ဆုကို ဆွတ်ခူးသွားနိုင်ခဲ့တဲ့ ကချင်တိုင်းရင်း သားလေး လည်း ကြည်နူးဝမ်းသာမှုတွေပြည့်နှက်နေမယ်ဆိုတာ အသေအချာပါပဲ။ စေတနာထားပြီးကြိုးစားခဲ့တဲ့ရလာဒ်ကတော့ ထိုက်တန်ခဲ့ပြီပဲဖြစ်ပါတယ်။ Myanmarload Media အနေနဲ့လည်း အကောင်းဆုံးရုပ်ရှင်နောက်ခံတေးဂီတထူးချွန်ဆုနဲ့ အကယ်ဒမီ ရရှိခဲ့တဲ့ ရှလုံးအမ်ရောနမ်ကို နောက်ထပ်လည်း ဒီထက်ပိုကောင်းတဲ့ အနုပညာတွေကို အကောင်းဆုံး ဖန်တီးနိုင်ပြီး အကယ်ဒမီဆုကြီးတွေကို ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Photo - Channel 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။