အနုပညာရှင်တွေသာမက ပရိသတ်တွေအားလုံး စိတ်ဝင်စားနေကြတဲ့ အကယ်ဒမီပေးပွဲကြီးဟာ ယနေ့မှာကျင်းပပြုလုပ်နေပြီဖြစ်တာမို့ အားလုံးကလည်း ရင်ခုန်သံတွေဆူညံစွာနဲ့ စောင့်မျှော်ကြည့်ရှုရတဲ့ ပွဲတစ်ပွဲပဲဖြစ်ပါတယ်။

ဒီနှစ်မှာတော့ အရင်နှစ်ကထက်ပိုပြီး ထူးခြားခမ်းနားစွာပြင်ဆင်ထားမှုတွေနဲ့ အပြတ်အသတ်ကို ကြည့်ကောင်းလွန်းနေခဲ့ပါတယ်။

ပွဲတက်ရောက်လာခဲ့တဲ့ အနုပညာရှင် အတတ်ပညာရှင်တွေဟာလည်း ကိုယ်စီကိုယ်စီ အရောင်တွေတလက်လက်နဲ့ ကြည့်ကောင်းလွန်းနေခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးမှာတော့ ရုပ်ရှင်ဒါရိုက်တာဆုကိုတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာသြရသက ဆွတ်ခူးရရှိနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာဆိုရင် ဒါရိုက်တာသြရသရဲ့ သေချာပီပြင်ပိုင်နိုင်စွာ ကြိုးစားအားထုတ်လုပ်ကိုင်ခဲ့တာမို့ ဇာတ်ကားတစ်ကားလုံးကို လာရောက်ကြည့်ရှုသူ ပရိသတ်တွေအနေနဲ့ တစ်ခန်းနဲ့ တစ်ခန်းချိတ်ဆက်မိအောင် ရုပ်ရှင်တစ်ကားလုံးကို အချိတ်အဆက်မိမိနဲ့ ရင်ဘတ်ထဲရောက်အောင် ဖန်တီးပုံဖော်သွားခဲ့တာပဲ ဖြစ်ပါတယ်..။

ဒီဆုကို မုန်းစွဲ ဇာတ်ကားနဲ့ ဒါရိုက်တာဆုကိုရရှိပိုင်ဆိုင်ခဲ့တဲ့ ဒါရိုက်တာသြရသအတွက် ထပ်တူကြည်နူးပီတိဖြစ်နေကြတဲ့ အနုပညာရှင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း လာရောက်နှုတ်ဆက်ခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါရိုက်တာသြရသရဲ့ စေတနာထားပြီးကြိုးစားခဲ့တဲ့ ကြိုးစားမှုရဲ့ရလာဒ်ကတော့ ထိုက်တန်ခဲ့ပြီပဲဖြစ်ပါတယ်။ Myanmarload Media အနေနဲ့လည်း ကို နောက်ထပ် လည်း ဒီထက်ပိုကောင်းတဲ့ အနုပညာတွေကို အကောင်းဆုံးဖန်တီးနိုင်ပြီး အကယ်ဒမီဆုကြီးတွေကို ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo - Channel 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။