ဒီကနေ့မှာကျင်းပပြုလုပ်နေတဲ့ အကယ်ဒမီပေးပွဲကြီးကတော့ အနုပညာရှင်တွေအတွက်အရမ်းအရေးပါလှတဲ့ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်။ တစ်နှစ်မှာတစ်ခါသာကျင်းပပြုလုပ်တဲ့ ထိုပွဲကြီးကတော့ မြန်မာ့ရုပ်ရှင်လောကသားတွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုတံဆိပ်ကြီးကို ချီးမြှင့်ပေးတဲ့ပွဲကြီးဖြစ်တာကြောင့် အနုပညာရှင်တွေကိုသာမက အားပေးသူပရိတ်သတ်တွေကိုပါ အင်မတန်စိတ်လှုပ်ရှားစေတဲ့ပွဲကြီးတစ်ပွဲပဲ ဖြစ်ပါတယ်။

ယနေ့ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီဆုပေးပွဲကြီးမှာဆိုရင်လည်း ပရိသတ်တွေ ရင်ခုန်စွာနဲ့စောင့်မျှော်နေတဲ့ ဆုကြီးကိုတော့ အမျိုးသမီးဇာတ်ဆောင်ဆုကြီးကိုတော့ ဖွေးဖွေး ကဆွတ်ခူးရရှိခဲ့ပါတယ်။

၄င်ဆုကြီးကိုတော့ ဖွေးဖွေး ဟာ ရွှေကြာ ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်ကားကြီးထဲက ဖွေးဖွေး ရဲ့ သရုပ်ဆောင်မှုတွေဟာ ပရိသတ်တွေကို တော်တော်လေးအကြိုက်တွေ့စေခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ဖွေးဖွေး ရဲ့ အနုပညာအရည်အချင်းကလည်း လေးစားစရာကောင်းလှသလို ရွှေကြာရုပ်ရှင်ဇာတ်ကားထဲမှာလည်း သူမသရုပ်ဆောင်ရတဲ့ ကာရိုက်တာကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ဖွေးဖွေးဟာ လက်ပံ နဲ့ ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားတွေနဲ့လည်း အကယ်ဒမီဆုကြီးကို ဆွတ်ခူးရရှိဖူးသူတစ်ဦးဖြစ်တာကြောင့် ယခုရရှိခဲ့တဲ့ ဆုကြီးဟာ သူမအတွက် သုံးကြိမ်မြောက်ရရှိခဲ့တဲ့ အကယ်ဒမီဆုကြီးပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကားအက်ဆီးဒင့်ဖြစ်ထားတဲ့ ဒဏ်ကြောင့် လက်ကျိုးနေပေမယ့် အကယ်ဒမီပေးပွဲကို တက်ရောက်လာပြီး ပရိသတ်တွေအတွက် အကယ်ဒမီဆုကြီးကို ဆွတ်ခူးရယူပေးခဲ့တဲ့ ဖွေးဖွေးဟာဆိုရင်လည်း အရမ်းပျော်ရွှင်နေတယ်ဆိုတာ ပရိသတ်တွေလည်း မြင်တွေ့ခဲ့ကြရမယ်လို့ထင်ပါတယ်။

Myanmarload Media အနေနဲ့လည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ ဖွေးဖွေး ကို နောက်ထပ် လည်း ဒီထက်ပိုကောင်းတဲ့ အနုပညာတွေကို အကောင်းဆုံးဖန်တီးနိုင်ပြီး အကယ်ဒမီဆုကြီးတွေ ထပ်မံဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

PHOTO CREDIT - CHANNEL 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။