သရုပ်ဆောင် ဒေါင်းဟာ ဆွဲဆောင်မှုရှိတဲ့ မျက်လုံးလေးနဲ့နှုတ်ခမ်းလေးတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့တစ်ခဲနက် ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားသူပဲ ဖြစ်ပါတယ်။ သူဟာ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးနဲ့အနုပညာလောကကို စတင်ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ " ပုဂံမြို့သူ " ဇာတ်ကားမှာလည်း ပရိတ်သတ်တွေရဲ့လက်ခံအားပေးမှုများ အတိုင်းထက်အလွန်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

နှုတ်ခမ်းနီမလေးတွေအဓိကကြွေစေတဲ့အကြောင်းရင်းကတော့ ရိုးရိုးရှင်းရှင်းလေးနဲ့စမတ်ကျကျဝတ်တတ်တဲ့ ဒေါင်းရဲ့ဖက်ရှင်လေးကိုပါ။ တည်ငြိမ်ရင့်ကျက်တဲ့ အပြုံးလေးတွေဟာလည်း သူ့ရဲ့ဆွဲဆောင်မှုတွေထဲကတစ်ခုပါ။ ဟန်ဆောင်မှုကင်းပြီး ရိုးသားလွန်းတဲ့ ဒေါင်းရဲ့ပုံစံလေးတွေကြောင့်လည်း အနုပညာလောကမှာ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာလည်း သရုပ်ဆောင်ဒေါင်းကတော့ မြန်မာ့ရိုးရာတိုက်ပုံအမဲလေးနဲ့ရိုးရိုးရှင်းရှင်းပွဲတက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ပုံရိပ်များဟာ နှုတ်ခမ်းနီမလေးတွေရဲ့ရင်အစုံကိုလှုပ်ခတ်စေမှာ အမှန်ပါပဲနော်။ ပရိသတ်ကြီးအတွက်သရုပ်ဆောင်ဒေါင်းရဲ့အကယ်ဒမီပွဲတက်ပုံရိပ်များကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။