ပရိတ်သတ်တွေရဲ့အချစ်တော် ခိုင်သင်းကြည်ဟာဆိုရင် ရုပ်ရှင် အနုပညာလောကမှာ ပရိတ်သတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုင်ထားနိုင်တဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အနုပညာလောကရဲ့ အောင်မြင်မှုပန်းတိုင်တစ်ခုဖြစ်တဲ့ အကယ်ဒမီရွှေစင်ရုပ်ထုကိုလည်း ထိုက်တန်စွာ ဆွတ်ခူးရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။အနုပညာလောကမှာ ထွန်းတောက်တဲ့ ကြယ်ပွင့်တစ်ဦး ဖြစ်သလို အပြင်လောကမှာလည်း စိတ်သဘောထားပြည့်ဝပြီး ပရိတ်သတ်တွေအပေါ်ဖော်ရွှေစွာ ဆက်ဆံတတ်တဲ့ မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။

သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတဲ့ မခိုင်လေးတို့ မိသားစုလေးကတော့ မြင်သူတကာက အားကျ ရတဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်။ မခိုင်လေးရဲ့ သမီးဖြစ်တဲ့ စံထိပ်ထား ဟာဆိုရင်လည်း အနုပညာလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းဖို့ စတင်နေပြီပဲ ဖြစ်ပါတယ်။ ထိပ်ထားလေးဟာဆိုရင်လည်း အမေတူဖြစ်လို့ အနုပညာဝါသနာပါပြီး ကြော်ငြာတွေကိုလက်ခံရိုက်ကူးနေပါပြီ။ထိပ်ထားလေးက ချစ်စရာကောင်းပြီး ဖော်ရွေတတ်သူဖြစ်လို့ လူချစ်လူခင်ကတော့ပေါပါတယ်။

မခိုင်လေးတို့ သားအမိနှစ်ယောက်က ဘယ်ပွဲတက်တက် ဆင်တူဝတ်စုံလေးတွေနဲ့ တက်ရောက်ကြပါတယ်။သမီးလေးနဲ့အပြိုင်နုငယ်နေတဲ့ မခိုင်လေးကလည်း သမီးလေးလို ချစ်စရာကောင်းလှပါတယ်နော်။အခုဆိုရင်တော့ မခိုင်လေးတို့မိပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။သားစု၃ယောက်က ၂၀၁၈အကယ်ဒမီပေးပွဲကြီးကို အရောင်ဆင်တူလေးတွေနဲ့တက်ရောက်လာတာကိုတွေ့မြင်ရမှာပါ။ထိပ်ထားလေးကလည်း ရိုးရိုးရှင်းရှင်းနဲ့ ချစ်စရာကောင်းပြီး လှသွေးကြွယ်နေတဲ့ 

Source:San Htate Htar Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။