မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ် အကယ်ဒမီဆုပေးပွဲကြီးမှာတော့ အမျိုးသားဇာတ်ဆောင်ဆုကို သူထူးစံက ရရှိခဲ့ပြီး အမျိုးသားဇာတ်ပို့ဆုကိုတော့ ကျော်ကျော်ဗိုလ်က ရရှိခဲ့ပါတယ်။ ဆုပေးပွဲကြီး မစခင်ကတည်းက ပရိတ်သတ်တွေအားလုံးက နေတိုး အကယ်ဒမီရရှိနိုင်မယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေ မျှော်မှန်းထားတဲ့အတိုင်း မဖြစ်ခဲ့တာကြောင့် အားလုံးက နေတိုးအတွက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း နေတိုးကတော့ သူကိုယ်တိုင် ဆုမရရှိခဲ့ပေမယ့် အကယ်ဒမီဆုတွေ အသီးသီး ဆွတ်ခူးသွားတဲ့ သူငယ်ချင်းတွေအတွက် ဂုဏ်ပြုပေးခဲ့ပါတယ်။ နေတိုးက ဆုရရှိသွားတဲ့ သူငယ်ချင်း ကျော်ကျော်ဗိုလ်နဲ့ သူထူးစံတို့အတွက် ပီတိအပြုံးတွေနဲ့ ဝမ်းသာဂုဏ်ယူနေတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ နေတိုးရဲ့ ဖြူစင်တဲ့ စိတ်ထားလေးကိုတော့ ပရိသတ်တွေက ချီးကျူးနေရပြီ ဖြစ်ပါတယ်။

နေတိုးက ''ဆုရရှိတဲ့သူငယ်ချင်းများအတွက်ဂုဏ်ယူဝမ်းမြောက်ခြင်းများစွာဖြင့် ....နေတိုး'' ဆိုပြီး ဆုရရှိခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ တွဲရိုက်ထားတဲ့ ပုံလေးကို တင်ပေးထားတာ ဖြစ်ပါတယ်။ အကယ်ဒမီလွဲခဲ့ရပေမယ့် အပြုံးမပျက်ဘဲ ဝါရင့်သရုပ်ဆောင်ပီပီ ဆုရသူတွေအတွက် ဂုဏ်ယူဝမ်းသာနေတဲ့ နေတိုးရဲ့ပုံရိပ်လေးတွေကတော့ ပရိသတ်တွေရဲ့ ရင်ကို ထိစေခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးနဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nay Toe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။